အမေရိကန်မှုခင်းဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ CM ပရိသတ်ကြီးအတွက် Nov 24 ကမှ စီစန်အသစ် ထွက်ရှိလာပြီး IMDb 8.9/10 ထိ ရရှိထားတဲ့ crime, mystery and thriller စီးရီး ကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Season 1 အစ 2005 ခုနှစ်ကတည်းက rating အလန်းစားတွေ ရရှိ ထားပြီး အခု 2022 ခုနှစ်မှာတော့ Season 16: Evolution ဆိုပြီး ဆက် လက်ထွက်ရှိလာတာပါ။ Season 16 ဆိုပေမဲ့ အရှေ့က Season တွေနဲ့ ဆက်စပ်မနေတာမို့ အခု Seasonကိုပဲ တန်းကြည့်လို့ရပါတယ်။ ကလေးဘဝတည်းက ကြိုက်ခဲ့ရတဲ့ Baby's day out ဇာတ်ကားထဲက မင်းသားကြီး Joe Mantegna က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင် သရုပ် ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီစီစန်ရဲ့ အရှုပ်တော်ပုံကတော့ FBI ရဲ့ ဌာနခွဲ BAU လက်အောက်နယ်မြေမှာ ရှိတဲ့ သင်္ဘောကွန်တိန်နာဟောင်းကြီး တစ်လုံးထဲမှာ နည်းမျိုးစုံနဲ့ အသတ်ခံထား ရပြီး ပုပ်ပွဆွေးမြည့်နေတဲ့ အလောင်း ၁၆ လောင်းကို တွေ့ရှိခဲ့ရာကနေ စတင် လာခဲ့တာပါ။ အဆိုပါ အလောင်းတွေဟာ တစ်လောင်းနဲ့တစ်လောင်း ဆွေးမြည့်မှု သက်တမ်း မတူတာကြောင့် ဆယ်စုနှစ်ကျော် ကြာမြင့်နေပြီလို့ ယူဆထားကြပြီး ဒီအမှုကို ကွင်းဆက်လူသတ်မှုအဖြစ် စုံထောက်တွေက စတင်စွဲချက်တင် စုံစမ်း ကြပါတော့တယ်။ တစ်ဖက်မှာလည်း ဆယ်ကျော်သက်မိန်းကလေးရှိတဲ့ မိသားစုတိုင်းက မိဘတွေကို သတ်ဖြတ်ပစ်နေပြီး မိန်းကလေးတွေကို ပစ်မှတ်ထားနေတဲ့ ကွင်းဆက်လူသတ်သမား တစ်ဦး ရှိလို့နေပါသေးတယ်။ ဒီအမှုကိုတော့ BAU ရဲ့ ဂန္ဓဝင်စုံထောက်ကြီးဖြစ်တဲ့ ရော့စီက ကြိတ်မနိုင်ခဲမရ လိုက်စုံစမ်းနေတာပါ။ ဆိုတော့ ဒီစီစန်မှာ BAU ဌာနရဲ့ ရှုပ်ထွေးပွေလီမှုများနဲ့ ကွင်းဆက်တရားခံတွေကို ရှာပုံတော်ဖွင့်ကြပုံကို စိတ်ဝင်စားဖွယ် တွေ့မြင်သွားရမှာပါ။ စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမှာဖြစ်ပြီး cmမှ အပတ်စဥ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ May Thet Khine Soe, C'mon တို့ဖြစ်ပါတယ်။) File Size.............(250 MB) / (700 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Crime, Drama, Mystery Translator..........May Thet Khine Soe, C'mon Encoder..............SWM
ဇာတ်ကားကြည့်ရန်