Escape from Germany ကတော့ ၂၀၂၄ ခုနှစ်က ရုံတင်ခဲ့တဲ့ အမေရိကန် သမိုင်းဇာတ်ကားဖြစ်ပြီး T.C. Christensen က ရိုက်ကူးထားကာ Terry Bohle Montague ရဲ့ Mine Angels Round About စာအုပ်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၃၉ ခုနှစ်၊ ဩဂုတ်လမှာ နာဇီဂျာမနီရဲ့နယ်စပ်တွေပိတ်ခါနီး LDS ခရစ်ယာန်သာသနာပြုအဖွဲ့ဝင် အမေရိကန် ၇၉ ဦးဟာ ဂျာမနီမှာပိတ်မိနေပြီး စစ်မဖြစ်ခင် အနီးကနိုင်ငံတွေကိုထွက်ပြေးဖို့ကြိုးပမ်းကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားကျောင်းရဲ့ခေါင်းဆောင် ပရောဖက် Heber J. Grant ရဲ့သတိပေးချက်အရ သာသနာပြုတွေဟာ စစ်စတင်မယ့် ၃ ရက်အလိုမှာ ဂျာမနီကနေ အမြန်ထွက်ခွာဖို့ အမိန့်ရရှိခဲ့ကြပါတယ်။ ရုပ်ရှင်မှာ ပါဝင်သူများစွာက အမှန်တကယ် ထွက်ပြေးခဲ့ကြသူတွေရဲ့သားစဉ်မြေးဆက်တွေဖြစ်ပါတယ်။ ဒေါ်လာ ၁ သန်းအောက်သာ ကုန်ကျစရိတ်နည်းနည်းနဲ့ရိုက်ကူးခဲ့ပြီး ဒေါ်လာ ၂.၆ သန်းအထိ ရုံတင်ဝင်ငွေ ရရှိခဲ့ပါတယ်။ Escape from Germany ရုပ်ရှင်ဟာ ဒုတိယကမ္ဘာစစ်အလွန် လူသိများခဲ့ခြင်းမရှိတဲ့ဖြစ်ရပ်မှန်ကိုအခြေခံပြီး ယုံကြည်မှု၊ စွန့်စားမှုနဲ့အံ့ဖွယ်ကယ်တင်မှုတွေကို ရောင်ပြန်ဟပ်စေတဲ့ဇာတ်ကားဖြစ်ပါတယ်။ File Size… (1.30GB) / (793 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre ….Drama , History , War Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်