Spa Weekend (2026) ++++++++ ဒီကားဟာ The Hangover နဲ့ Bad Moms တို့ကိုဖန်တီးခဲ့တဲ့ Jon Lucas နဲ့ Scott Moore တို့ ရေးသားရိုက်ကူးထားတဲ့ R-Rated အပေါ့စား ဟာသရုပ်ရှင် ဖြစ်ပါတယ်။ Jane (Leslie Mann)၊ Sophie (Anna Faris) နဲ့ Coco (Michelle Buteau) တို့ သူငယ်ချင်း ၃ ယောက်ဟာ မိသားစုရေး၊ အလုပ်ခွင်နဲ့ ဘဝရဲ့ စိတ်ဖိစီးမှုတွေကို ခဏမေ့ပစ်ပြီး Jane ရဲ့ မွေးနေ့မှာ အပန်းဖြေဖို့အတွက် Luxury Spa Resort ခရီးစဉ်တစ်ခု စီစဉ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မဖိတ်ထားဘဲ ရောက်လာတဲ့ စိတ်အလိုလိုက်တတ်ပြီး အထိန်းအကွပ်မရှိတဲ့သူငယ်ချင်း Mel (Isla Fisher) ပါ ရောက်ရှိလာတဲ့အခါမှာတော့ စိတ်အေးချမ်းရမယ့် Spa ခရီးစဉ်ဟာ ဟာသအလွဲပေါင်းစုံ၊ ရုန်းရင်းဆန်ခတ်ပါတီပွဲတွေ၊ ဂေါက်ကားနဲ့ မောင်းပြေးရတဲ့ဖြစ်ရပ်တွေနဲ့ ထိန်းမနိုင်သိမ်းမရ ရူးကြောင်ကြောင် ခရီးစဉ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ရုပ်ရှင်ဝေဖန်သူတွေကတော့ သရုပ်ဆောင်မင်းသမီး ၄ ယောက်ရဲ့အတွဲညီမှုနဲ့ ဟာသစကားပြောစတိုင်ကို သဘောကျကြပေမယ့် ဇာတ်ညွှန်းကတော့ မထူးဆန်းဘဲ ရိုးအီနေတဲ့ပုံစံခွက်အတိုင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ The Hangover လိုမျိုး အရမ်းဆန်းသစ်တဲ့ ဟာသကားကြီးတော့ မဟုတ်ပေမယ့် စိတ်ရှုပ်စရာတွေ ခဏမေ့ပြီး သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောကြည့်ရှုချင်သူတွေအတွက်တော့ ကြည့်ရတာ အချိန်ကုန်ရတန်စေမယ့် ရုပ်ရှင်လေးဖြစ်ပါတယ်။ File Size… (1.81GB) / (969MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 37m Genre …Comedy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်