Escape Room (2019) (4K)(Only On Bioscope App) IMDB : 6.4 Genre : Horror / Sci-Fi Escape Room ကတော့ ၂၀၁၉ ခုနှစ်ထွက် သိပ္ပံစိတ်ကူးယဉ် Psychological Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Entertain ဖြစ်ရုံအဆင့်မျိုးမဟုတ်ပဲ ကြည့်ကောင်းတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ Rating ကိုကြည့်ပြီး မဆုံးဖြတ်သင့်တဲ့ ရုပ်ရှင်ထဲမှာ ဒီရုပ်ရှင်လည်းပါပါတယ်။ ဇာတ်ညွှန်း မတူညီတဲ့လူ ၆ ယောက်ဟာ ဂိမ်းတစ်ခုကစားဖို့အတွက် အဆောက်အဦးတစ်ခုကို ဖိတ်ခေါ်ခြင်းခံလိုက်ရပါတယ်။ အလွှာပေါင်းစုံက မတူညီတဲ့ လူ ၆ ယောက် သူတို့ကိုယ်တိုင် ဘာအတွက်ရောက်လာလဲဆိုတာ မသိကြပါဘူး။ ဒီကစားနည်းတွေက ဘာကိုဦးတည်လဲဆိုတာလည်းမသိပါဘူး။ သူတို့သိတာတစ်ခုက ကစားနည်းကပေးမယ့် ဆုကြေးငွေက များတယ်ဆိုတာပါပဲ။ အဲဒီထဲမှာ အဆိုပါဂိမ်းတွေနဲ့ ရင်းနှီးတဲ့ ဒန်နီဆိုတဲ့ကောင်လေးတစ်ယောက်လည်းပါလာပါတယ်။ ဒန်နီကတော့ ဒါက သာမန် ကစားနည်းတွေ၊ သူတို့အဖြေမရှာနိုင်ရင် ရှုံးသွားမယ်၊ ပြီးရင် အဖြေကိုလာရှင်းပြမယ် စသည်ဖြင့် ကျန်သူတွေကိုရှင်းပြနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးမသိလိုက်တာက ကစားနည်းတွေက ထင်ထားတာထက်ပိုပြီး ရက်စက်သလို မှားသွားရင် အမှန်ပြင်ပေးမယ့်လူ လုံးဝကိုမရှိခဲ့တာပါပဲ။ ဒီလိုနဲ့ ကစားသမား ၆ ယောက် ရက်စက်တဲ့ ကစားနည်းတွေကို ဘယ်လို ဖြတ်ကျော်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 5 GB / 1.1 GB/ 550 MB Quality… BluRay 4K/ 1080p / 720p Format… mp4 Duration... 1h 40m Genre ..... Horror / Thriller / Sci-Fi Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်