ပေ့ချ်ဟာ ပန်းချီကို ဝါသနာပါပြီး လက်ရာလည်းကောင်းတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ မိန်းကလေးချင်း စိတ်ဝင်စားတဲ့သူဖြစ်ပြီး ငယ်ငယ်ကတည်းက ဂက်ဘရီရဲလာဆိုတဲ့ ကောင်မလေးကို ကြိတ်ကြိုက်လာခဲ့ပေမဲ့ ဟိုဘက်ကတော့ သူ့ကို အဖက်မလုပ်ပါဘူး။ သူတက်နေတဲ့ကျောင်းမှာလည်း ကျောင်းသားတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က လိင်တူစိတ်ဝင်စားသူတွေ၊ လိင်နှစ်မျိုးစလုံးကို စိတ်ဝင်စားသူတွေ ဖြစ်ကြပါတယ်။ ပေ့ချ်က သူတက်ချင်တဲ့ CalArts ကျောင်းရဲ့ နွေရာသီအစီအစဉ်ကို ဝင်ခွင့်လျှောက်ထားပါတယ်။ ကျောင်းဘက်က သူ့ဘဝရဲ့ “အပျော်ဆုံးအခိုက်အတန့်” ကို ဖော်ပြထားတဲ့ အနုပညာလက်ရာတစ်ခု တောင်းလာတော့ ဘယ်အချိန်ကို ရွေးရမလဲဆိုတာ စဉ်းစားရကြပ်နေတယ်။ အဲဒီအချိန်မှာပဲ ကျောင်းနံရံတွေနဲ့ ကျောင်းပိုင်ပစ္စည်းတွေပေါ် လိုက်ပုံဆွဲနေတဲ့ အမည်မဖော်သူ ကင်းပန်းဟာ ပေ့ချ်ပဲလို့ တစ်ကျောင်းလုံးက ထင်နေကြပါတယ်။ ကျောင်းအုပ်က ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးမှုနဲ့ ကျောင်းနားခိုင်းမယ်လို့ ပြောလာတဲ့အခါ CalArts ဝင်ခွင့်ထိခိုက်သွားမှာကို ပေ့ချ်စိုးရိမ်လာတယ်။ ဒါကြောင့် ကင်းပန်းဘယ်သူလဲဆိုတာ ဖော်ထုတ်ပေးမယ်လို့ သဘောတူလိုက်ရပါတယ်။ ပေ့ချ်တစ်ယောက် ကင်းပန်းကို ရှာဖော်နိုင်မလား၊ ဝင်ခွင့်အတွက် လက်ရာကောင်းတစ်ခု ဖန်တီးနိုင်မလား၊ ဂက်ဘရီရဲလာအပေါ် သူ့ရဲ့တစ်ဖက်သတ်အချစ်ကရော ဘယ်လိုဆက်ဖြစ်မလဲ။ Hulu က ပြသခဲ့တဲ့ ဒီအချစ်ဟာသကားမှာ အဲဒီအကြောင်းတွေကို အထက်တန်းကျောင်းနောက်ခံနဲ့ ပြောပြထားပါတယ်။
ဇာတ်ကားကြည့်ရန်