Risky Business 2 (2025) စီပေါနဲ့ ဂျာမာတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့တွေ ခက်ခက်ခဲခဲနဲ့ ရထားတဲ့ ငွေထုပ်လိုက်ကြီးကို ပျောက်ဆုံးသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့ ဒေါသတွေ ထွက်ခဲ့ရပါတယ်။ ဒီငွေတွေကို ယူသွားတဲ့သူကတော့ သူတို့ရဲ့ ညီအငယ်ဆုံး မာဝမ်ပဲဖြစ်ပါတယ်။ မာဝမ်ဟာ ဒီငွေတွေကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ယူတာမဟုတ်ဘဲ ဘဏ်က သိမ်းဆည်းသွားတဲ့ သူတို့အဖေရဲ့ အိမ်လေးကို ပြန်ရွေးချင်တာကြောင့်ပဲပါ။ ဒါပေမဲ့ မာဝမ်ဟာ ငွေတွေကို ယူဖို့အတွက် ငွေတွေထည့်ထားတဲ့ ခရီးဆောင်အိတ်ကို ဖျက်လိုက်တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကတော့ လျှို့ဝှက်နံပါတ်တွေပါတဲ့ ဓာတ်ပုံတစ်ပုံဖြစ်နေပါတယ်။ ဒီနံပါတ်တွေအကြောင်းကို အဖြေရှာရင်းနဲ့ မာဝမ်တစ်ယောက် ဩဇာကြီးမားပြီးတော့ ရက်စက်တဲ့ လုပ်ငန်းရှင်ကြီးတစ်ဦးရယ် အကျင့်ပျက်ခြစားနေတဲ့ အစိုးရရှေ့နေတစ်ဦးတို့နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အထောက်အထားတွေ ဖြစ်နေတဲ့အချိန်မှာတော့ ...... ဒီလျှို့ဝှက်ချက်တွေကြောင့် မာဝမ်နဲ့အတူ သူ့အစ်ကိုနှစ်ယောက်ဟာ ရှောင်လွှဲလို့မရတဲ့ အန္တရာယ်စက်ကွင်းထဲကျရောက်သွားပြီးတော့ ဘယ်လို ကြောက်ဖို့ကောင်းတဲ့ကိစ္စတွေဖြစ်လာမလဲ ....... ဘဏ်က သိမ်းခါနီးဖြစ်နေတဲ့ ဖခင်ထားခဲ့တဲ့ အမွေဆိုင်အိမ်ကြီးကိုရော ပြန်ရွေးနိုင်ပါ့မလား ....... ညီအစ်ကို ၃ယောက် ဒီအန္တရာယ်တောထဲကနေ ဘယ်လိုမျိုး ရုန်းထွက်ကြမလဲ ဆိုတာကို ရင်တထိတ် ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.73GB / 837MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်