The General (1998) IMDb Rating (7.2) / Rotten Tomatoes (83%) ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားကတော့ အိုင်ယာလန်နိုင်ငံ ဒပ်ဘလင်မြိုရဲ့ နာမည်ကျော် ရာဇဝတ်သားကြီး မာတင် ကာဟေးလ် (Martin Cahill) ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ သူ့ကို လူတွေက "The General" လို လူသိများကြပြီး ရဲတွေ ဖမ်းမမိအောင် အမြဲတမ်း ပါးပါးနပ်နပ်နဲ့ အစီအစဉ်ချပြီး ခိုးမှုကြီးတွေကို ကျူးလွန်ခဲ့ကြသူ ဖြစ်ပါတယ်။ သူဟာ ဘယ်လောက်ပဲ နာမည်ကြီးတဲ့ ရာဇဝတ်သားဖြစ်ပါစေ... သူ့ရဲ့ မိသားစုနဲ့ နောက်လိုက်တွေအပေါ်မှာတော့ အရမ်းကို သစ္စာရှိပြီး စောင့်ရှောက်တတ်သူပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ရဲတွေက သူ့ကို ဖမ်းဆီးဖို နည်းမျိုးစုံနဲ့ ကြိုးစားလာသလို၊ အိုင်ယာလန်ရဲ့ လက်နက်ကိုင် အဖွဲအစည်းတွေနဲ့ပါ ထိပ်တိုက်တွေ့လာတဲ့အခါမှာတော့... သူတိုရဲ့ ကစားပွဲက ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (1.5 GB) / (840 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama Duration…. 01:59:04 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်