မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေနဲ့ ငလက်မလေးတွေ တကယ်ရှိနေတဲ့ စိတ်ကူးယဉ်လောကမှာ ဝီလိုဆိုတဲ့ လူပုလေးတစ်ယောက် နေထိုင်ပါတယ်။ သူက သာမန်လယ်သမားတစ်ယောက်ဖြစ်ပေမယ့် မှော်ဆရာဖြစ်ဖို့ အရမ်းဆန္ဒရှိနေသူပါ။ တစ်နေ့မှာတော့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲမျောလာပြီး သူ့ဆီ ရောက်လာတယ်။ ဒီကလေးဟာ ဆိုးသွမ်းတဲ့ မှော်ဆရာမဘုရင်မ ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ့်သူလို့ နိမိတ်ဖတ်ခံထားရသူပါ။ အဲဒါကြောင့် ဘုရင်မက လိုက်သတ်နေရာကနေ မြစ်ထဲမျောလာခဲ့တာဖြစ်ပါတယ်။ ဝီလိုက ရွာသားတွေကို ကလေးအကြောင်း အသိပေးလိုက်ပေမယ့် ဘယ်သူမှ လက်မခံထားရဲကြဘူး။ ကလေးကို ပြန်ပေးဖို့ ဆုံးဖြတ်ကြပြီး အဲဒီတာဝန်ကို ဝီလို့ဆီပဲ အပ်လိုက်ကြတော့ သူလည်း စွန့်စားခရီး ထွက်ရပါတော့တယ်။ ၁၉၈၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင်ဖြစ်လို့ ဒီနေ့ခေတ်ကနေ ပြန်ကြည့်ရင် အထူးပြုလုပ်ချက်နဲ့ ဇာတ်လမ်းပိုင်းမှာ အားနည်းချက်တချို့ ရှိကောင်းရှိနိုင်ပါတယ်။
ဇာတ်ကားကြည့်ရန်