The Twin (2024) +++++++ Psychological Horror တွေထဲက ဇာတ်ကားကောင်းတစ်ခုလို့တောင် ပြောလို့ရတဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သိစိတ်မသိစိတ်ဟာ အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့အရာဆိုတာ ငြင်းမရပါဘူး။ စိတ်ရောဂါ ခံစားရတဲ့သူတွေရဲ့ စိတ်ဟာ သူများတွေ မမြင်ရတဲ့အရာတွေကို မြင်ရ ကြားရသလို လက်တွေ့နဲ့ စိတ်ကူးယဉ် မခွဲခြားနိုင်တော့တဲ့ အခြေအနေတစ်ရပ် ဆိုတာ အမှန်ပါ။ ဒီဇာတ်ကားမှာဆိုရင် ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သားလေး သေဆုံးရပြီးနောက်ပိုင်း ဝမ်းနည်းပူဆွေးနေတဲ့ ဖခင်တစ်ယောက်ဖြစ်တဲ့ နစ်ကိုလက်စ်ကို အဓိက ဇာတ်ကောင်အနေနဲ့ ရိုက်ကူးထားပါတယ်။ သားဖြစ်သူ ဆုံးပါးပြီး ကိုယ့်ကိုကိုယ် သတ်သေတဲ့အထိပါ စိတ်ရောဂါ ဖြစ်လာပြီးနောက်ပိုင်း စိတ်ကျန်းမာရေး ဆေးရုံကနေ ဆင်းလာပြီးတော့ ကလေးဘဝ နေထိုင်ခဲ့တဲ့ အိမ်ကို ပြန်သွားခဲ့ပါတယ်။ နေအိမ်မှာ စိတ်ကျန်းမာရေးဆရာဝန်နဲ့ နေ့စဉ် တွေ့ဆုံ ကုသခံဖို့ ဇနီးဖြစ်သူက စီစဉ်ပြင်ဆင်ထားပေးခဲ့တာပါ။ သားရဲ့ အမှတ်တရတွေကို အရိပ်တစ်ခုလို မြင်နေရင်း နစ်ကိုလက်စ် ငယ်စဉ်အတိတ် အဖွားဖြစ်သူ ဆုံးပါးတဲ့ညက သူကြုံဆုံခဲ့ရတာတွေက တစ်ပတ်လည် ပြန်ပြီး ခြောက်လှန့်လာတဲ့ အခါမှာတော့ နစ်ကိုလက်စ်တစ်ယောက် ဒီအရာတွေကို ကျော်လွှားနိုင်ပါ့မလား။ အိုင်းရစ်လူမျိုးတို့ရဲ့ ဒဏ္ဍာရီ အိပ်ရာဝင်ပုံပြင်တွေထဲမှာ လူတစ်ယောက် သေဖို့ကံပါလာပြီဆိုရင် သူနဲ့ ချွတ်စွပ် အမွှာလို တူတဲ့ ပုံစံတူယူထားတဲ့ နတ်ဆိုးကို မြင်ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒီယုံတမ်းပုံပြင်ရဲ့ သီအိုရီကို ဇာတ်ကားထဲမှာ ထည့်သုံးထားပြီးတော့ Jump Scare တွေက အတော်လေး ကောင်းတယ်လို့ ပြောရပါမယ်။ အဆုံးသတ်ကလည်း တခြား Psychological ကားတွေလို အီလည်လည်နဲ့ ပြီးသွားတာမျိုး မဟုတ်ဘဲ စိတ်ပညာပိုင်းဆိုင်ရာ ပေးချင်တဲ့ မက်ဆေ့ကို ကောင်းကောင်း သရုပ်ဖော်သွားနိုင်တာမို့ Horror ပရိသတ်တွေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ပြောချင်ပါတယ်။ File Size… (938MB) / (550 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 43m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်