4K
★ 5.5
ဇာတ်ကား / 2008The Mummy: Tomb of the Dragon Emperor
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ဝန်းကျင်က တရုတ်နိုင်ငံမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဟန်ဘုရင်ဟာ တိုင်းပြည်ကို စုစည်းပြီး နဂါးဧကရာဇ်အဖြစ် တစ်ကမ္ဘာလုံးကို သိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ မှော်ဆရာမတစ်ဦးရဲ့ ကျိန်စာကြောင့် သူနဲ့ သူ့တပ်တစ်ခုလုံး ရွှံ့ရုပ်တုတွေ ဖြစ်သွားပြီး အဲဒီရည်မှန်းချက်လည်း မြေအောက်မှာပဲ ပျောက်ကွယ်ခဲ့ရတယ်။ အိုကော်နယ်ကတော့ မြေအောက်မှာ ပျောက်နေတဲ့ ဒီအန္တရာယ်ကို မမျှော်လင့်ဘဲ ပြန်ဖော်မိပါတော့တယ်။ ဒီတစ်ခါ သူနဲ့အတူ သားဖြစ်သူ အဲ့လက်စ်လည်း ပါလာပါတယ်။ ဟန်ဘုရင် ဘယ်လိုပြန်အသက်ဝင်လာမလဲ၊ မပြီးမြောက်ခဲ့တဲ့ သူ့ရည်မှန်းချက်ကို ပြန်အကောင်အထည်ဖော်ဦးမလားဆိုတာ ဆက်တွေ့ရမှာပါ။ ရှေ့က Mummy နှစ်ကားရဲ့ အဆက်ဖြစ်ပြီး ဂျက်လီနဲ့ မီရှဲယိုတို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်