Netherworld (1992) IMDb Rating (4.3) / Rotten Tomatoes (17%) ဇာတ်လမ်းကတော့ ကိုရီဆိုတဲ့ လူငယ်လေးတစ်ယောက်ကိုအခြေခံထားတာဖြစ်ပါတယ်။ သူဟာကွယ်လွန်သွားတဲ့ဖခင်ဖြစ်သူဆီက အမွေအဖြစ် လူဝီစီယားနားပြည်နယ်က အိမ်ကြီးတစ်လုံးကိုရရှိခဲ့ပါတယ်။ အဲ့ဒီအမွေကိုဆက်ခံဖို့ သူရောက်သွားတဲ့အချိန်မှာတော့ သူ့ဖခင်ဟာ သာမန်သေဆုံးသွားတာမျိုးမဟုတ်ပဲ ဗူဒူးအစီအရင်တွေ ထူးဆန်းတဲ့ မှော်ပညာတွေနဲ့ပတ်သက်ခဲ့တာကိုစပြီးသိလာရပါတယ်။ ဖခင်ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကတော့ သူမသေဆုံးခင်မှာ လေ့လာနေခဲ့တဲ့ဗူဒူးပညာရပ်တွေကိုအသုံးချပြီး သူ့ကိုပြန်အသက်သွင်းပေးဖို့ပါပဲ။ အဲ့ဒီတာဝန်ကိုအောင်မြင်အောင်စွမ်းဆောင်နိုင်ဖို့အောက်လမ်းပညာရှင်မိန်းမလှ ဒီလိုရက်စ်နဲ့တွေ့ဆုံခဲ့ပြီး ဝိဉာဉ်ကူးပြောင်းခြင်း အစီအရင်တွေ၊ ပတ်ဝန်းကျင်ကအကြံဆိုးရှိနေနိုင်တဲ့သူတွေကြားမှာ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ရှုစားရမှာဖြစ်ပါတယ်။ Netherworld ၁၉၉၂ ဟာ Full Moon Features ကထုတ်ပြီး Vampire Journals,Puppet Master,Subspecies တို့လိုနာမည်ကျော်ဇာတ်ကားမျိုးတွေပါဝင်တဲ့ Full Moon Universe မှာပါဝင်ပြီး သူ့ရဲ့ထူးခြားတဲ့ကိုယ်ပိုင်ဟန်ကြောင့် အမှတ်ရနေကြတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို၊ Voodoo horror ကိုတစ်ခေတ်ပြန်ဆန်းစေခဲ့တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.6 GB) / (830 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:25:22 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်