ဘယ်ရီအယ်လန်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်း မသိရဘဲ အသတ်ခံခဲ့ရပြီး အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ကျနေပါတယ်။ မိဘတွေနဲ့အတူ မကြီးပြင်းခဲ့ရတဲ့ ဘယ်ရီဟာ သူ့မှာ အတိတ်ကို ပြန်သွားနိုင်တဲ့ စွမ်းအားရှိမှန်း သိလာတဲ့အခါ မိဘတွေကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် အမေ့ကို ကယ်တင်ဖို့ အတိတ်ထဲ ပြန်သွားရာကနေ စကြဝဠာတစ်ခုလုံးရဲ့ အချိန်စီးကြောင်း ပြောင်းလဲသွားပြီး ကမောက်ကမတွေ ဖြစ်လာပါတယ်။ ဖလက်ရှ်ရဲ့ စွမ်းအားက အပြေးမြန်တာတစ်ခုတည်း မဟုတ်ပါဘူး။ အချိန်နဲ့ အာကာသကို ပြင်နိုင်တာ၊ စကြဝဠာတွေကြား ကူးနိုင်တာတို့အပြင် အနန္တလက်သီး၊ လျှပ်စီးလှိုင်းနဲ့ လေမုန်တိုင်း ဖန်တီးနိုင်စွမ်းတွေပါ ရှိတယ်။ မော်လီကျူးတွေကို ထိန်းချုပ်နိုင်တာ၊ ဒဏ်ရာတွေ အမြန်ပြန်ကောင်းတာ၊ သာမန်ထက်မြင့်တဲ့ ဉာဏ်ရည်နဲ့ အလွန်လျင်မြန်စွာ တွေးတောနိုင်တာတွေလည်း သူ့စွမ်းအားတွေထဲမှာ ပါဝင်ပါတယ်။ အလင်းထက်မြန်အောင် ပြေးနိုင်တဲ့ ဖလက်ရှ်အတွက် လိုအပ်တဲ့စွမ်းအင်နဲ့ ကိုယ်ခန္ဓာ မပျက်စီးအောင် ကာကွယ်မှုကို Speed Force က ပေးထားတာကြောင့် ဇာတ်လမ်းထဲမှာ အချိန်ခရီးသွားနိုင်တာပါ။ ဒီရုပ်ရှင်က ဖလက်ရှ် စွမ်းအားဘယ်လိုရလာသလဲဆိုတဲ့ အစပျိုးဇာတ်ကြောင်းကို ပြောထားတာ မဟုတ်ဘဲ Flashpoint Paradox ကာတွန်းဇာတ်ကြောင်းကို အခြေခံထားပါတယ်။ ဒီအကြောင်းကို အရင်က ကာတွန်းရုပ်ရှင်တစ်ကားနဲ့ ဖလက်ရှ်စီးရီးရဲ့ Season 3 မှာလည်း အသုံးပြုခဲ့ဖူးတယ်။ ဒီတစ်ခါမှာတော့ ဘယ်ရီရဲ့ မိဘတွေကို ကယ်တင်ဖို့ ကြိုးစားမှုနောက်က အချိန်စီးကြောင်း အပြောင်းအလဲတွေကို လိုက်ကြည့်ရမှာပါ။
ဇာတ်ကားကြည့်ရန်