Herman (2025) ဟာမန်း ဟာ တောအုပ်ကြီးတစ်ခုထဲက အိမ်အိုကြီးတစ်လုံးမှာ တစ်ယောက်တည်းနေထိုင်သူပါ။ အတိတ်ဖြစ်ရပ်ဆိုးတွေ၊ နောင်တတွေအပြင် တောအုပ်ထဲက အမှောင်ထု တစ်စုံတစ်ရာကလည်း သူ့ကိုအဆက်မပြတ်ခြောက်လှန့်နေပါတယ်။ မိုးသက်မုန်တိုင်းတွေအသည်းအသန် ကျရောက်တဲ့ ညတစ်ညမှာတော့ မနီးမဝေးဘုရားကျောင်းတစ်ခုက လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အတွက် အဲ့ဒီကျောင်းကသီလရှင်နှစ်ပါးဟာ နွေးထွေးတဲ့ခိုလှုံရာအဖြစ် သူ့အိမ်ကိုရောက်လာခဲ့ပါတယ်။ ဟာမန်းဟာ လက်မခံချင်ပေမယ့်လည်း မဖြစ်မနေလက်ခံလိုက်ရတဲ့အတွက် သီလရှင်တွေနဲ့ ခပ်ကင်းကင်းသာနေပါတယ်။ ဒါပေမယ့် သီလရှင်နှစ်ပါးထဲက သက်ကြီးတစ်ပါးဟာ သူ့ကိုခြောက်လှန့်နေတဲ့ အမှောင်ထုအကြောင်း သိထားတဲ့ပုံပေါ်နေပြီး ညနက်လာတာနဲ့အမျှ မဖိတ်ခေါ်တဲ့ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်ထပ်ရောက်လာချိန်မှာတော့..။ အေးစိမ့်ပြီး မှောင်မိုက်နေတဲ့ မုန်တိုင်းညတစ်ညမှာ ဆုံဖြစ်ကြတဲ့ သူစိမ်း ငါးယောက်၊ သူတို့အချင်းချင်းကြားမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ? အပြင်မှာ သူတို့ကိုအန္တရာယ်ပေးဖို့ချောင်းမြောင်းနေတဲ့ အမှောင်ထု ဆိုတာကရော ဘယ်လိုအရာဖြစ်မလဲ? ပဟေဠိတွေအတိနဲ့ ဆက်လက်ရှုစားရမယ့် Psychological Thriller ကားတစ်ကားဖြစ်ပါတယ်။ File size… (1.6 GB) / (630 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy, Horror, Thriller Duration…. 01:30:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်