Don't Trust the Couple Upstairs (2026) IMDb Rating (5.0) မာရီယာနဲ့ဂျိုးတို့ဟာ မြို့ပြရဲ့ရုပ်၀တ္ထုတွေနဲ့ မွန်းကျပ်မှုတွေ၊ ရုန်းကန်နေရတဲ့ အလုပ်ခွင်ပင်ပန်းမှုတွေကိုစွန့်လွှတ်ပြီးသဘာ၀နဲ့နီးကပ်တဲ့ ခြံကျယ်ကြီးထဲမှာ ဘ၀သစ်စဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ဇနီးမောင်နှံပါ။ သူတို့က အိမ်စရိတ်ပေါ့ပါးဖို့နဲ့ဘ၀သစ်မှာမြန်မြန်အခြေချနိုင်ဖို့ အိမ်မှာ ဗစ်ကီနဲ့ကလေးရ် ဆိုတဲ့ လူငယ်စုံတွဲတစ်ခုကို အငှားတင်ထားခဲ့ပါတယ်။ အစပိုင်းမှာအားလုံးက အဆင်ပြေ ပျော်စရာအတိဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီစုံတွဲဟာ တစ်ခုခုကိုလျှို့ဝှက်ထားကြောင်း ရိပ်မိလာကြပါတော့တယ်။ တစ်နေ့တော့ ဗစ်ကီ မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ပြီး ကလေးရ်ကတော့ အိမ်ကနေထွက်ပြေးသွားခဲ့ပါတယ်။ ဒီအမှုဟာလည်းမတော်တဆသေဆုံးမှု မဟုတ်ပဲ လူသတ်မှုသာဖြစ်တယ်ဆိုတာ ရဲက သတ်မှတ်လိုက်ချိန်မှာတော့.. အဲ့ဒီအမှုမတိုင်ခင်ကတည်းကမသင်္ကာစရာတွေတွေ့ထားတဲ့ မာရီယာတစ်ယောက် ကြိတ်စုံစမ်းရင်း ဗစ်ကီနဲ့ကလေးရ်ရဲ့လျှို့ဝှက်ချက်တွေတင်မကပဲသူ့ခင်ပွန်းဖြစ်သူ ဂျိုးရဲ့နောက်ကွယ်က အတိတ်တွေကိုပါ သိရှိလာတဲ့အခါမှာတော့..။ Lifetime Network ကနေထုတ်လွှင့်ခဲ့ပြီး အခုလောလောဆည် Netflix မှာ ထရန်းဖြစ်နေတဲ့ Mystery Thrillerဇာတ်ကားသစ်ပါ။Lifetime Thriller ဇာတ်ကားတွေမှာမြင်တွေ့နေကျအစိတ်အပိုင်းတွေအပြည့်အ၀ပါပေမယ့် သူ့ပရိသတ်တွေအတွက်ကတော့ ဒါတွေကိုပဲ မရိုးစတမ်းစွဲလန်းနေကြတာဖြစ်လို့အကြိုက်တွေ့ကြဦးမယ့် အစကနေ အဆုံးထိ တစ်ထိုင်တည်းကြည့်ဖြစ်မယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ File size… (1.2 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:27:16 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်