★ 5.6
ဇာတ်ကား / 2022The Lair
ဗြိတိန်တော်ဝင်လေတပ်က ကပ္ပတိန်စင်ကလဲရားဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်နေစဉ် သောင်းကျန်းသူတွေရဲ့ ဒုံးကျည်ထိမှန်ပြီး လေယာဉ်ပျက်ကျသွားပါတယ်။ အဖမ်းမခံရအောင် ထွက်ပြေးရင်း ဘန်ကာကြီးတစ်ခုထဲ ရောက်သွားပေမယ့် အဲဒီနေရာမှာလည်း မကောင်းဆိုးဝါးတွေ ရှိနေတယ်။ သူ့နောက်ကို လိုက်လာတဲ့ သောင်းကျန်းသူတွေကို မကောင်းဆိုးဝါးတွေက သတ်ပစ်လိုက်ပြီး စင်ကလဲရားလည်း အသက်လုထွက်ပြေးခဲ့ရပါတယ်။ အဲဒီကနေ လွတ်လာတဲ့ စင်ကလဲရားဟာ ကူးပါးအသေခံတပ်ရင်းစခန်းကို ရောက်သွားတယ်။ သူတွေ့ခဲ့ရတာတွေကို ပြောပြပေမယ့် စခန်းကလူတွေက မယုံကြပါဘူး။ ဒါပေမယ့် အဲဒီညမှာပဲ မကောင်းဆိုးဝါးတွေ စခန်းထဲရောက်လာပြီး စစ်သားတွေကို သတ်ဖြတ်ကြတဲ့အခါ သူ့စကားကို လက်ခံလာကြရပါတယ်။ ကိုယ်တိုင်ကြုံလိုက်ရတဲ့ စစ်သားတွေဟာ ဘန်ကာနဲ့ အဲဒီထဲက မကောင်းဆိုးဝါးတွေကို အမြစ်ဖြတ်ချေမှုန်းဖို့ ကြိုးစားကြပါတော့တယ်။
ဇာတ်ကားကြည့်ရန်