★ 6.7
ဇာတ်ကား / 2022Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse
လက်စ်လူသာရဲ့ အကြံအစည်ကြီးကို Super Hero Girls အဖွဲ့က တားဆီးဖို့ ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ဇာတ်လမ်းထဲ Teen Titans အဖွဲ့ ဝင်လာတဲ့အခါမှာတော့ စူပါဟီးရိုးတွေ ပေါင်းပြီး ရန်သူကိုရင်ဆိုင်တဲ့ ပုံမှန်ဇာတ်လမ်းမျိုးနဲ့ မတူတော့ပါဘူး။ Teen Titans တို့က ဇာတ်လမ်းရဲ့ စည်းတွေဘောင်တွေကို ကျော်ပြီး မထင်ထားတဲ့ပုံစံတွေနဲ့ ဝင်ဖောက်ကြတာပါ။ Teen Titans Go! ဟာ မူရင်း Teen Titans အန်နီမေးရှင်းကို ဟာသပုံစံနဲ့ ဆက်လက်တင်ဆက်ထားတဲ့ စီးရီးဖြစ်ပြီး မူရင်းဇာတ်လမ်းအပြင် တခြားစူပါဟီးရိုးဇာတ်ကားတွေကိုပါ ပြောင်လှောင်ထားပါတယ်။ ဒီရုပ်ရှင်မှာလည်း DC Super Hero Girls စီးရီးနဲ့ ဇာတ်ကောင်တွေ ပေါင်းစည်းထားရင်း စူပါဟီးရိုးကားတွေမှာ တွေ့ရလေ့ရှိတဲ့ ထုံးစံတွေကို ဟာသလုပ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်