★ 7.0
ဇာတ်ကား / 2011Barbie: A Fairy Secret
Barbie: A Fairy Secret (2011) ဒီတစ်ခါမှာတော့ ဘာဘီရဲ့ ရေပန်းစားလှတဲ့ သရုပ်ဆောင် ဘဝကနေ စတင်ထားတာပါ။ ဘာဘီရဲ့ ဘဝထဲမှာ အရာရာ အဆင်ပြေနေပေမဲ့ သူမနဲ့ အမြဲတမ်း ပြိုင်ဆိုင်မကင်းဖြစ်နေတဲ့ co-star ရေချယ်နဲ့တော့ အမြဲတမ်း အဆင်မပြေ ဖြစ်နေရပါတယ်။ တစ်နေ့မှာတော့ အချစ်ဆေးမိပြီး ရူးသွပ်နေတဲ့ နတ်သမီး "ဂရာစီအယ်လာ" ဟာ ဘာဘီရဲ့ ချစ်သူ "ကန်" (Ken) ကို နတ်သမီး ကမ္ဘာကြီးဆီ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ ကန်ကို ကယ်ထုတ်ဖို့အတွက် ဘာဘီ ဟာ သူမရဲ့ နတ်သမီး သူငယ်ချင်းမလေး နှစ်ဦးရဲ့ အကူအညီနဲ့အတူ... ရန်သူဟောင်း ရေချယ် နဲ့ပါ လက်တွဲပြီး Gloss Angeles ဆိုတဲ့ ဆန်းကြယ်လှပတဲ့ နတ်သမီး မြို့တော်ကြီးဆီ ခရီးထွက်ခဲ့ရပါတော့တယ်။ မနာလိုမှုတွေကို ဘေးဖယ်ပြီး အချင်းချင်း ယုံကြည်မှုနဲ့ သူငယ်ချင်း သံယောဇဉ်ကို တည်ဆောက်ရင်း ကန်ကို ဘယ်လိုမျိုး ကယ်တင်သွားကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်