Tinā (2025) IMDb Rating (8.1) / Rotten Tomatoes (95%) မာရီတာဆိုတဲ့အမျိုးသမီးဟာ ဂီတပိုင်းမှာ အလွန်ထူးချွန်ပြီး စည်းကမ်းအရမ်းကြီးတဲ့ သီချင်းဆိုသင်တဲ့ဆရာမတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် သံစုံသံပြိုင်သီချင်းတွေကို အထူးသင်ကြားခဲ့သူပါ။ မိခင်ရဲ့ စည်းကမ်းကြပ်မတ်မှုအောက်မှာကြီးလာရတဲ့အတွက် သမီးဖြစ်သူကလည်း ဂီတပိုင်းမှာ ပါရမီအပြည့်ပါပြီး နာမည်ကြီးဂီတကျောင်းတစ်ခုမှာ ပညာသင်ဆုရသွားခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ဘဲ သူ့ရဲ့သမီးဟာ မတော်တဆမှုကြောင့် ငလျင်လှုပ်ခတ်မှုမှာ ဆုံးပါးသွားခဲ့ပါတယ်။ သမီးဖြစ်သူဆုံးပြီးနောက်ပိုင်း မာရီတာဟာ စိတ်ငြိုးငယ်ပြီး အရင်လိုစိတ်မမာနိုင်တော့ဘဲ အလုပ်လည်းမလုပ်နိုင်ကာ စိတ်ကျရောဂါဖြစ်ပြီးအိမ်မှာနေခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တစ်ခုကြာတဲ့နောက်ပိုင်း သူ့ရဲ့တစ်နေ့တာဖူလုံမှုကိုပါထိခိုက်လာတဲ့အခါမှာ ဂီတသင်ကျောင်းမှာ ဂီတဆရာမလုပ်ဖို့ ပြန်ဖြစ်လာပါတယ်။ ဒီလိုနဲ့ ထိပ်တန်းဂီတကျောင်းတစ်ခုမှာ အစားထိုးဆရာမအနေနဲ့ ဝင်ရောက်လာတဲ့သူဟာ စာသင်ကျောင်းက ကျောင်းသားတွေဟာ စည်းကမ်းရှိနေပေမယ့် တစ်ချိန်ကသူစည်းကမ်းကြပ်ခဲ့သလိုမျိုး လက်ရှိကျောင်းရဲ့စည်းကမ်းကြပ်မတ်မှုကြောင့် အနုပညာကိုချစ်ခင်မြတ်နိုးတဲ့စိတ်ကိုမတွေ့ရတော့တဲ့အခါမှာ သူ့ရဲ့သွင်သင်လမ်းပြမှုတွေနဲ့ ကျောင်းသားတွေကို အနုပညာလမ်းကြောင်းအမှန်ကိုသိအောင် ပြန်လည်ဦးဆောင်ဖို့ဖြစ်လာပါတော့တယ်။ File size… (1.6 GB) / (670 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:00:47 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်