Tony (2026) IMDb Rating (7.6) / Rotten Tomatoes (93%) ဒီဇာတ်ကားလေးကတော့ ၁၉ နှစ်အရွယ် လူငယ်တစ်ယောက် စမ်းတဝါးဝါးနဲ့ လမ်းပျောက်တဲ့ ဘဝနေ့ရက်တွေအကြောင်းကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပြီး ကိုယ်တိုင်လည်း ကိုယ့်လူငယ်ဘဝနဲ့ ဆက်စပ်ခံစားကြည့်နိုင်မဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်တိုနီဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ လက်ကြောတော့ မတင်း၊ ကျောင်းစာကလည်း မကြိုးစားပေမဲ့ စာရေးဆရာဖြစ်ချင်တဲ့ အိပ်မက်ကလေးက ရှိတဲ့အတွက် စာရေးဆရာ ပညာသင်ဆုတစ်ခုကို ရွှီရှောင် ရမ်းသမ်းပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လူငယ်သဘာဝ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့စိတ်ကလေးကလည်း ရှိတော့ အဲဒီပညာသင်ဆုကို သေချာပေါက် ရလိမ့်မယ်လို့လည်း စိတ်ထဲမှာ အပီအပြင် တွေးထားပါသေးတယ်။ ဒါပေမယ့် လက်တွေ့ဘဝက ပညာပြလေတော့ တကယ်လည်း ပညာသင်ဆု မရခဲ့ပါဘူး။ ဒါပေမယ့် သူက ဆူညံပူညံ ရှိလှတဲ့ မိဘအိမ်မှာလည်း ဆက်မနေချင်တော့ မိဘတွေကို ပညာသင်ဆုရသွားပြီလို့ လိမ်ပြီး အဲဒီကောလိပ်ရှိရာ ကမ်းခြေမြို့ကလေးကို ထွက်ချလာပါတော့တယ်။ အဲဒီမြို့ကို ရောက်လည်းရောက်ရော နေစရာ စားစရာမရှိ၊ လက်ထဲရှိစုမဲ့စု ငွေကလေးကလည်း ပြောင်တော့ အဲဒီကမ်းခြေမှာ ဖွင့်ထားတဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ ပန်းကန်ဆေး နေ့စားငြိမ်း ဝင်လုပ်ပါတော့တယ်။ ဒီလိုကနေ သူဟာ တခြားကျောင်းသားတွေကြားမှာ ပညာသင်ဆုရတဲ့သူလို့လိမ်ရင်း၊ တကယ်တမ်းကျ စားသောက်ဆိုင်မှာ ပန်းကန်ဆေးရင်း ဒီမုသားတွေက သူ့နောက်ကို ဘယ်လိုလိုက်လာမလဲ၊ ဒီမုသားတွေရဲ့ အလွန်မှာ ဘဝရဲ့ အဓိပ္ပါယ်ကိုရော ရှာတွေ့သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (6.9 GB) / (1.8 GB) / (960 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:46:51 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်