House III: The Horror Show (1989) IMDb Rating (5.2) နာမည်ကျော် House ဇာတ်ကားတွဲတွေရဲ့သုံးကားမြောက်ဖြစ်တဲ့ House III: The Horror Show (1989) ဖြစ်ပါတယ်။ ဒီကားမှာတော့ ပထမနှစ်ကားလို ဟာသမပါဝင်ပဲ သည်းထိတ်ရင်ဖိုဇာတ်လမ်းသွားကိုသီးသန့်သွားထားပြီး သတ်ဖြတ်ခန်းတွေပိုကြမ်းပါတယ်။ စုံထောက်လူးကပ်စ် မက္ကာသီဟာ Meat Cleaver Max လို့နာမည်ကျော်တဲ့ လူပေါင်းများစွာကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ စိတ္တဇလူသတ်သမား Max Jenke ကိုနှစ်ပေါင်းများစွာလိုက်လံဖမ်းဆီးရင်း မိသွားခဲ့ပါတယ်။ မက်စ်ကို လျှပ်စစ်ကုလားထိုင်နဲ့ကွပ်မျက်စီရင်ခဲ့ပေမယ့် သူက ပြန်ရောက်လာပြီး လူးကပ်စ်နဲ့သူ့မိသားစုကို ပြန်ကလဲ့စားချေမယ်ဆိုပြီး ကြိမ်းဝါးသွားခဲ့ပါတယ်။ မက်စ် သေဆုံးပြီးတဲ့နောက်မှာတော့ သူ့ဝိဉာဉ်ဟာ မကောင်းတဲ့လျှပ်စစ်သံလိုက်စွမ်းအင်တစ်ခုအဖြစ်ကူးပြောင်းသွားပြီး လူးကပ်စ်တို့မိသားစုရဲ့အိမ်မြေအောက်ခန်းကနေ သူတို့မိသားစုကို မျိုးစုံခြောက်လှန့်နှောင့်ယှက်ပြီး အသက်ကိုပါရန်ရှာပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ House series ရဲ့ပရိသတ်တွေကတော့ ဟာသမပါပဲ ဟော်ရာသီးသန့်ပဲသွားလို့အကြိုက်မတွေ့ကြပေမယ့် ဟော်ရာ ဇာတ်ကားအနေနဲ့တော့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (2 GB) / (980 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror,Thriller Duration…. 01:35:27 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်