မက်ဂီဟာ ပင်လယ်ကိုချစ်ပြီး လှိုင်းစီးရတာကို ပျော်မွေ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် ဒူးခေါင်းအရွတ်ပြဲတဲ့ ဒဏ်ရာရသွားတော့ သူချစ်တဲ့ လှိုင်းစီးအားကစားကို ရပ်ထားလိုက်ရတယ်။ လှိုင်းစီးတာကို ဘဝရဲ့အရေးကြီးဆုံးအရာလို သဘောထားတဲ့ မက်ဂီအတွက် ဒီဒဏ်ရာက စိတ်ဓာတ်ကျစရာ ဖြစ်လာပါတယ်။ သူ့ချစ်သူ ကိတ်ဒ်ကတော့ ကမ်းခြေအသက်ကယ်ဝန်ထမ်းတစ်ယောက်ဖြစ်သလို လူမှုကွန်ရက်မှာလည်း ပရိသတ်များတဲ့သူပါ။ မက်ဂီက ဒဏ်ရာကြောင့် စိတ်မကြည်ဖြစ်နေချိန်မှာ ကိတ်ဒ်က အွန်လိုင်းအလုပ်တွေနဲ့ပဲ အချိန်ကုန်ပြီး သူ့ကို အချိန်မပေးနိုင်ဘူး။ အရင်က ချစ်ချစ်ခင်ခင်ရှိခဲ့တဲ့ နှစ်ယောက်ကြား ဆက်ဆံရေးကလည်း အဆင်မပြေတော့ပါဘူး။ ကိတ်ဒ်ဘေးမှာ တီနာဆိုတဲ့ ကောင်မလေးရှိနေပြီး သူတို့နှစ်ယောက်ကြားက အနေအထားက လုပ်ဖော်ကိုင်ဖက်ထက် ပိုနေသလို အရိပ်အယောင်တွေ ရှိနေပြန်တယ်။ အဲဒီအချိန်မှာ မက်ဂီက လှိုင်းခိုးစီးဖို့ ကြိုးစားရင်း ရေနစ်သွားပြီး ဘလိတ်ခ်ဆိုတဲ့ အသက်ကယ်ဝန်ထမ်းတစ်ယောက်က ကယ်တင်ပေးခဲ့ပါတယ်။ မက်ဂီအတွက် ဘလိတ်ခ်ဟာ အသက်ကယ်ပေးတဲ့ ကျေးဇူးရှင်ဖြစ်သလို စကားပြောကောင်းပြီး သူ့ကို ဖေးဖေးမမ ဆက်ဆံပေးတဲ့သူလည်း ဖြစ်နေတယ်။ ကိတ်ဒ်နဲ့ ကတောက်ကဆများနေချိန်မှာ ဒီလိုလူတစ်ယောက်ကို အားကိုးချင်စိတ် ဝင်လာပြီး သူ့စကားတွေကြား ယိုင်လဲမလို ဖြစ်လာပါတယ်။ ကိတ်ဒ်က မက်ဂီကို ချစ်ပေမယ့် အလုပ်ကို ပိုအလေးပေးနေမိတယ်။ ဘလိတ်ခ်ကတော့ အသက်ကယ်ပေးခဲ့တာကို အရင်းပြုပြီး မက်ဂီရဲ့ဘဝထဲမှာ နေရာယူဖို့ ကြိုးစားလာပါတယ်။
ဇာတ်ကားကြည့်ရန်