★ 5.0
ဇာတ်ကား / 2022Kung Fu Ghost
ငွေကြေးကျပ်တည်းနေတဲ့ ဒေစီဆီကို အမွေကိစ္စနဲ့ ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ အဘိုးဆုံးသွားလို့ သူ့အိမ်ကို ဒေစီ အမွေရမှာတဲ့။ ဒီသတင်းကြားတော့ ဒေစီလည်း ဝမ်းသာအားရနဲ့ အမေရိကန်ကို ထွက်လာခဲ့တယ်။ ရောက်လာတဲ့အခါမှာတော့ အမွေရမယ့်အိမ်ကြီးက မှောင်မဲပြီး ကြောက်စရာကောင်းနေသလို တစ်ခါတလေ ထပ်ခိုးပေါ်ကနေ တစ်ယောက်ယောက် ချောင်းကြည့်နေသလိုတောင် ခံစားရပါတယ်။ အမွေရဖို့အတွက် အဲဒီအိမ်မှာ တစ်ပတ်တိတိ နေရဦးမယ်ဆိုတော့ ဒေစီလည်း အဘွားအတွက် အမွေကိုရအောင်ယူမယ်လို့ စိတ်တင်းထားလိုက်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ လူငယ်သရဲ ဝီလီယမ်နဲ့ သရဲအဘိုးကြီးတစ်ယောက်ကို ကိုယ်တိုင် တွေ့လိုက်ရပါတော့တယ်။ ဒီသရဲနှစ်ယောက်က ဒေစီကို အိမ်မှာ ဘာလို့နေစေချင်တာလဲ၊ အိမ်ထဲမှာရော ဘာလျှို့ဝှက်ချက်တွေ ရှိနေသေးလဲဆိုတာ ဆက်ပေါ်လာမှာပါ။ သရဲတွေပါပေမယ့် ထိတ်လန့်စရာထက် ဟာသဘက်ကို ဦးစားပေးထားတဲ့ အက်ရှင်ဟာသဇာတ်ကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်