The Last Bus (2022) IMDb Rating - 6.5/10 Netflix ကနေ လတ်တလောအသစ်ထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲကောင်းကောင်းတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်။ Cast တွေက ကလေးအများစုဖြစ်ကြပေမယ့် သရုပ်ဆောင်ကောင်းကြပါတယ်။သိပ္ပံဆိုင်ရာယူဆချက်တွေ ပါဝင်ပေမယ့် အများကြီး ထည့်မထားလို့ ဇာတ်က လေးပင်မနေဘဲ ပေါ့ပေါ့ပါးပါးပဲဖြစ်ပါတယ်။ အများကြီးတွေးတောနေစရာမလိုဘဲ ရယ်မောရင်း အပျင်းပြေ ကြည့်ချင်သူများ ကြည့်သင့်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကမ္ဘာကြီးပေါ်မှာ ဖြစ်သမျှ သမုဒ္ဒရာကြီးညစ်ညမ်းလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ သစ်တောပြုန်းတီးမှုတွေ နဲ့ တခြား ကိစ္စများဟာ လူသားတွေကြောင့် ဖြစ်လာတယ်လို့အစွန်းရောက် ယူဆတဲ့ သိပ္ပံပညာရှင် Dalton Monkhouse ဟာနည်းပညာပိုင်းမှာ လွန်စွာထူးချွန်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့သူဟာ ပြပွဲကျင်းပမယ်ဆိုပြီး လူတွေကို ဖိတ်ကြားလိုက်ပါတယ်။ BraelawnAcademy မှ ကျောင်းသား/သူတစ်သိုက်တို့ ထိုပွဲကို သွားရာမှ ဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံကြရပါတယ်။ အသိဉာဏ်ရှိပြီး ရက်စက်တဲ့ ဒရုန်းတွေရဲ့တိုက်ခိုက်မှုကြားမှာ ကျောင်းသားတွေဘယ်လိုရှင်သန်ကြမလဲ။ ဘယ်လိုရုန်းကန်ကြမလဲ ဆိုတာကို အတည်အတံ့မဟုတ်ဘဲ ဟာသလေးတွေ နှောပြီးကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ (ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) File Size - (700 MB) Quality – WEBDL 1080p Duration - 35Mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Comedy, Drama Translator – CM Team Encoder – SWM
ဇာတ်ကားကြည့်ရန်