ရုပ်ရှင်ကြည့်ရင်း လိုက်ဖမ်းခံနေရတဲ့ မိန်းကလေးက ဘာလို့ ဒေါက်မြင့်ဖိနပ်ကို ချွတ်မပြေးတာလဲ၊ လူဆိုးတွေက မင်းသားကို ဘာလို့ တစ်ယောက်ချင်း အလှည့်ကျ ဝင်တိုက်နေကြတာလဲလို့ တွေးမိဖူးကြမှာပါ။ အရေးကြီးတဲ့အချိန်ရောက်မှ ဖုန်းဘက်ထရီကုန်သွားတာမျိုးလည်း ခဏခဏ တွေ့ရတတ်တယ်။ အချစ်ကားတွေမှာ တစ်ယောက်ဆီတစ်ယောက် ပြေးလိုက်သွားတဲ့အခန်းတွေ၊ အက်ရှင်ကားတွေမှာ ကားနဲ့လိုက်ဖမ်းတဲ့အခန်းတွေကလည်း ဇာတ်ကားအများအပြားမှာ ပြန်ပြန်ပါလာတတ်ပါတယ်။ Attack of the Hollywood Clichés! က ရုပ်ရှင်တွေထဲမှာ ဖန်တစ်ရာတေနေပြီဖြစ်တဲ့ ဒီလိုအကွက်တွေအကြောင်း ဆွေးနွေးထားတဲ့ မှတ်တမ်းဟာသအစီအစဉ်ပါ။ ရုပ်ရှင်အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေနဲ့ တခြားပါဝင်သူတွေက နာမည်ကျော်ရုပ်ရှင်တွေထဲက နမူနာအခန်းတွေကို ပြန်ကြည့်ပြီး ဝေဖန်ပြောဆိုကြတယ်။ ပရိသတ်တွေ အချင်းချင်း ပြောဖြစ်ကြတဲ့ ရုပ်ရှင်ထဲက အလွဲတွေနဲ့ ထပ်တလဲလဲသုံးနေတဲ့ ဇာတ်ကွက်တွေကို ရုပ်ရှင်လောကသားတွေကိုယ်တိုင် ဟာသနှောပြီး ဆွေးနွေးထားပါတယ်။
ဇာတ်ကားကြည့်ရန်