★ 6.0
ဇာတ်ကား / 2022Mysterious Circumstance: The Death of Meriwether Lewis
၁၈၀၀ ပြည့်နှစ်နောက်ပိုင်းက အမေရိကန်နယ်မြေရှာဖွေရေးခရီးစဉ် Lewis and Clarke Expedition မှာ ပါဝင်ခဲ့သူ Meriwether Lewis ရဲ့ ဆန်းကြယ်တဲ့သေဆုံးမှုကို အခြေခံထားပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့ Lewis ဟာ အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးထွက်နေစဉ် တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်။ ကိုယ့်ကိုယ်ကို သတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာတွေက အဲဒီကောက်ချက်နဲ့ မကိုက်ညီဘူး။ နှစ်နှစ်ကြာတဲ့အခါ Lewis ရဲ့မိတ်ဆွေတစ်ယောက်ဟာ အဖြစ်မှန်ကို စုံစမ်းဖို့ အခင်းဖြစ်ခဲ့တဲ့ တည်းခိုခန်းဆီ ရောက်လာပါတယ်။ သက်သေတွေဖြစ်တဲ့ တည်းခိုခန်းပိုင်ရှင်လင်မယားကို မေးမြန်းရင်း Lewis ရဲ့သေဆုံးမှုနောက်ကွယ်မှာ ဖုံးကွယ်ထားတာတွေ ရှိနေသလားဆိုတဲ့ မေးခွန်းကို အဖြေရှာလာရတယ်။
ဇာတ်ကားကြည့်ရန်