ကိစ္စတစ်ခုကြောင့် မိသားစုကို အရှက်ရစေခဲ့တဲ့ မီယာဟာ ဖခင်က ချီးမွှမ်းရတဲ့ သမီးတစ်ယောက် ပြန်ဖြစ်ချင်နေပါတယ်။ ကိုယ့်ဘဝကို ပြန်တည်ဆောက်ဖို့ ကြိုးစားချင်တဲ့စိတ်နဲ့ စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို အလုပ်ရှာဖို့ စွန့်စားထွက်လာခဲ့တယ်။ အယ်လီကတော့ သူ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့ နောင်တနဲ့ နေနေရသူပါ။ ချစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကာတွန်းနဲ့ ရုပ်ရှင်တွေ ဖန်တီးချင်တဲ့ ကိုယ့်ဝါသနာကို စွန့်ပြီး ဘာစီလိုနာမှာ ဗိသုကာပညာ သင်ယူနေပါတယ်။ အဲဒီမှာပဲ မီယာနဲ့ တွေ့ဆုံခဲ့တာပါ။ မီယာက အယ်လီရဲ့ချစ်သူဟောင်း စီလင်းနဲ့ ရုပ်ချင်းခွဲမရအောင် တူနေတယ်။ အယ်လီဟာ ဘာစီလိုနာမှာ မီယာကို ကူညီစောင့်ရှောက်ပေးရင်း နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာ ဖြစ်ပေါ်လာပါတယ်။ Kathryn Bernardo နဲ့ Daniel Padilla တို့ ပါဝင်တဲ့ ဒီအချစ်ဇာတ်လမ်းမှာ လူတိုင်း အချစ်ခံရဖို့ ထိုက်တန်သလား၊ အမှားတစ်ခုအတွက် တစ်သက်လုံး ပေးဆပ်နေရမလား၊ လဲကျခဲ့ရာကနေ ပြန်ထဖို့ ဘယ်လိုခွန်အားတွေ ရနိုင်မလဲဆိုတဲ့ မေးခွန်းတွေကိုလည်း ထည့်သွင်းထားပါတယ်။
ဇာတ်ကားကြည့်ရန်