မာနာဝမ်ဆိုတဲ့ ရေအောက်သုတေသနအဖွဲ့ဟာ မျိုးစိတ်အသစ်တွေကို ရှာဖွေလေ့လာဖို့ ရေငုပ်ယာဉ်ငယ်တစ်စင်းနဲ့ လေ့လာရေးအဖွဲ့ကို ရေအောက်အနက်ဆုံး ကြမ်းပြင်ဆီ စေလွှတ်လိုက်ပါတယ်။ အဲဒီနေရာဟာ ရှေးကျတဲ့ သတ္တဝါကြီးတွေ ကျက်စားရာဒေသဖြစ်ပြီး ရေငုပ်ယာဉ်က အမျိုးအမည်မသိ သတ္တဝါတချို့ရဲ့ တိုက်ခိုက်မှုကို ခံလိုက်ရတယ်။ အဲဒီနောက် လေ့လာရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ ယာဉ်ထဲကလူတွေကို ကယ်ဖို့ ရေအောက်ကယ်ဆယ်ရေး ကျွမ်းကျင်သူ ဂျိုးနက်စ်ကို သွားအကူအညီတောင်းကြရတယ်။ ဂျိုးနက်စ်က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေသူပါ။ အစမှာ ပိုက်ဆံဘယ်လောက်ပေးပေး မလိုက်ဘူးလို့ ငြင်းပေမယ့် အဆက်အသွယ်ပြတ်နေတဲ့ ရေငုပ်ယာဉ်ထဲမှာ သူ့အရင်လက်တွဲဖော်ပါ ပါနေမှန်း သိလိုက်ရတော့ ကယ်ဆယ်ရေးလုပ်ဖို့ လိုက်သွားပါတယ်။ ကမ္ဘာ့အကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon က ရေအောက်လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားမှာ Jason Statham နဲ့ Li Bingbing တို့ ပါဝင်ထားပါတယ်။ ဂျိုးနက်စ်အနေနဲ့ ပင်လယ်ကြမ်းပြင်မှာ ဒုက္ခရောက်နေသူတွေကို ဘယ်လိုကယ်တင်မလဲ၊ ရေအောက်မှာ မမြင်ရသေးတဲ့ သတ္တဝါကြီးတွေကရော ဘာတွေဖြစ်မလဲဆိုတာကို ဆက်လိုက်ရမှာပါ။
ဇာတ်ကားကြည့်ရန်