★ 5.6
ဇာတ်ကား / 2022The Minute You Wake Up Dead
လူသိနည်းတဲ့ နယ်မြို့လေးတစ်မြို့မှာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှုံးထားရသူတွေ ရှိနေပါတယ်။ အဲဒီလူတွေက သူ့ကို မကျေနပ်ကြတော့ Russ လည်း ဘယ်သူ့ကို သတိထားရမလဲဆိုပြီး ကျီးလန့်စာစား နေနေရတယ်။ ဒီလိုအချိန်မှာပဲ သူ့ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ် ဖောက်ထွင်းခံရပြီး အဖေဖြစ်သူ Carl အသတ်ခံလိုက်ရပါတယ်။ မူလကတည်းက ကိုယ့်အန္တရာယ်ကိုယ် စိုးရိမ်နေတဲ့ Russ က ဒီလူသတ်မှုဟာ သူ့ကို ပစ်မှတ်ထားရာက အိမ်မှားသွားတာများလားလို့ တွေးပြီး ပိုပူပန်လာတယ်။ ဒါပေမဲ့ မြို့သေးသေးလေးထဲမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ကိစ္စက ဒီတစ်မှုတည်းနဲ့ ရပ်မနေတော့ပါဘူး။ Morgan Freeman က ရဲမှူး Thurmond အဖြစ် ပါဝင်ထားပြီး ကောင်းမှု၊ မကောင်းမှုနဲ့ သေပြီးနောက် ဘယ်ကိုရောက်မလဲဆိုတဲ့ အတွေးတွေကိုလည်း ဇာတ်လမ်းထဲမှာ ထည့်သွင်းထားပါတယ်။
ဇာတ်ကားကြည့်ရန်