Kumki 2 (2025) 2012တုန်းကထွက်ရှိခဲ့တဲ့Kumki 1က တောင်ပိုင်းအိန္ဒိယ (Tamil) ရုပ်ရှင်လောကရဲ့ နာမည်ကြီး ရိုမန့်တစ်အက်ရှင် ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ပရိသတ်တွေကြားမှာ တော်တော်လေး လူကြိုက်များခဲ့သလို ဝေဖန်ရေးသမားတွေဆီကလည်း ချီးမွမ်းမှုတွေ အများကြီး ရရှိခဲ့ပါတယ် အခု2025မှာထွက်ရှိလာတဲ့ Kumki 2ဇာတ်ကားကတော့ 2012တုန်းက ဇာတ်လမ်းနဲ့ဆက်စပ်မှုမရှိပဲ သီးသန့်ထွက်လာတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကတော့ ဘူမိဆိုတဲ့ကောင်လေးတစ်ယောက် ပထွေးအရက်သမားနဲ့ အမေရဲ့ ရန်ပွဲတွေကြားအမြဲတမ်းစိတ်ညစ်နေရပြီး ကျောင်းနေဖက်သူငယ်ချင်းများကလည်းသူ့အမေရဲ့စရိုက်ဆန်မှုတွေကြောင့် သူ့ကိုဝိုင်းပယ်ထားခံရပါတယ်။ သူငယ်ချင်းမရှိတဲ့ဘူမိတစ်ယောက် တောထဲလျှောက်သွားရင်းကနေ ကျင်းထဲကျနေတဲ့ဆင်ပေါက်ကလေးကို ကယ်တင်လိုက်ပါတယ်။ သူက အဲဒီဆင်လေးကို နီလာလို့ အမည်ပေးလိုက်ပြီး သူတို့နှစ်ဦးကြားမှာ လူနဲ့တိရစ္ဆာန်ထက်ပိုတဲ့ သူငယ်ချင်းသံယောဇဉ်တွေ ခိုင်မြဲလာပါတယ်။ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခုကြောင့် သူတို့နှစ်ဦးခွဲခွာခဲ့ရပါတယ်။နှစ်အတော်ကြာပြီးနောက်မှာတော့ ဘူမိဟာ အရွယ်ရောက်လာပြီး သူ့ရဲ့ ငယ်သူငယ်ချင်း နီလာကို ပြန်ရှာဖို့ ကြိုးစားပါတော့တယ်။ ဒီခရီးစဉ်မှာ သူဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူတွေ၊ တောတောင်ဖျက်ဆီးသူ တွေနဲ့ ရင်ဆိုင်ရသလို၊ တောဆင်ရိုင်းတွေနဲ့ လူတွေကြားက ပဋိပက္ခတွေထဲမှာလည်း ကြားညှပ်ပါဝင်လာပါတယ်။ ဘူမိ တစ်ယောက် နီလာ ကို ပြန်တွေ့နိုင်ပါ့မလား။နီလာ ကရော သူ့ကို မှတ်မိပါ့မလား။ "Kumki" (တောဆင်ရိုင်းတွေကို ထိန်းကျောင်းတဲ့ဆင်) တစ်ကောင်ရဲ့ တာဝန်နဲ့ သံယောဇဉ်ကြားမှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် တောတောင်အလှအပတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ File size… 2.78 GB / 1.57 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2 hr 13 mins Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်