Ricky (2025) ဒီဇာတ်လမ်းက ဒါရိုက်တာ Rashad Frett ရဲ့ 2023 တုန်းက ထွက်တဲ့ short film ကို feature film အဖြစ် ပြန်ရိုက်ထားတာပါ။ Ricardo "Ricky" Smith က အသက် ၃၀ ရှိတဲ့ အမျိုးသားဆိုပေမဲ့ ၁၅ နှစ်ကတည်းက ထောင်ကျခဲ့တဲ့သူမို့ ဆယ်ကျော်သက်တစ်ယောက်လို ပြုမူနေဆဲ လူတစ်ယောက်ပါ။ Ricky မှာ အပြောကြမ်းပေမဲ့ စိတ်ထားကောင်းရှိတဲ့ အထိန်းရဲ Joanne ရှိပါတယ်။ Joanne က Ricky အမေနဲ့ ခင်တဲ့သူတစ်ယောက်မို့ Ricky ကို ထောင်ကထွက်ပြီးတဲ့နောက်မှာ အလုပ်တစ်ခုရှာနိုင်အောင်နဲ့ ပြဿနာမတတ်အောင် ကူညီပေးပါတယ်။ Ricky မှာ James ဆိုတဲ့ ညီငယ်တစ်ယောက်ရှိပြီးတော့ သူက သဘောကောင်းပေမဲ့ သိပ်အကူအညီမပေးဘဲ ခပ်ခွာခွာနေတတ်တဲ့သူတစ်ယောက်ပါ။ နောက်တော့ Ricky က single mom တစ်ယောက်ဖြစ်တဲ့ Jaz နဲ့ တွေ့ပြီး အချစ်ရေးတစ်ခု ရှိလာပါတယ်။ ဒါပေမဲ့ လောကဓံရဲ့ ရိုက်နှက်ချက်တွေကြောင့် ထောင်ကလွတ်လာပြီး အလုပ်ရှာဖို့ ခက်ခဲတာတွေ၊ ထောင်ထဲပြန်ပို့မခံရအောင် အမှားမရှိဘဲ ကြိုးစားနေရတာတွေ၊ လူ့အသိုင်းအဝိုင်းကြား ကိုယ့်ကို လက်ခံလာအောင် ကြိုးစားရတဲ့ပုံတွေကို ထောင်ထွက်တစ်ယောက်ရဲ့ဘဝက ဘယ်လိုခက်ခဲကြောင်း ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size… (1.8 GB) / (960 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:49:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်