ဇာတ်လမ်းတွဲ / 2018Eliteစပိန်စကားပြော ဒီ Netflix စီးရီးလေးကတော့ ၂၀၁၈ ကစတင်ထွက်ရှိခဲ့ပြီး
အခုဆို Season (4) ထိ ထွက်ရှိထားသလို နောက်စီစင်တွေလဲ ထပ်မံထွက်ရှိဦးမှာဖြစ်ပါတယ်။
ဒီစီးရီးက ထူးခြားတဲ့တင်ဆက်မှုတစ်ခုဖြစ်ပြီး လူငယ်တွေကြားက နက်နဲတဲ့ Relationship
အကြောင်းတွေကို ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်းတင်ဆက်ထားတာပါ။
အသက် ၁၈ နှစ်တောင် မပြည့်ကြသေးတဲ့ လူငယ်တွေ ကျောင်းမှာ
ပညာရှာရင်းနဲ့ ပွဲကြမ်းချက်ကလဲ လက်လန်ပါတယ်...
Sex ကိစ္စမှာဆိုလဲ Straight , BL , Lesbian , Cuckold , 2 in 1 , Incest စသည်ဖြင့်
အောတိုက်ရလောက်အောင် စုံစီနဖာပဲ အရပ်ကတို့ရေ...
ကဲ..ဒီစီးရီးနာမည်လေးကတော့ Elite အထက်တန်းလွှာဆိုတဲ့ အဓိပ္ပာယ်ပေါ့..
Las Encinas ဆိုတဲ့ ကျောင်းတော်ကြီးဟာ စပိန်နိုင်ငံပြဲပြဲစင်မှာ
ကြေးရတက်လူတန်းစား တွေ လူကုန်ထံသားသမီးတွေပဲ တက်နိုင်တဲ့
အထက်တန်းစားကျောင်းတော်ကြီးပေါ့ ဒါပေမယ့်
ထူးထူးဆန်းဆန်းပဲ ဆင်ခြေဖုံးရပ်ကွက်မှာနေတဲ့ သာမန်လူတန်းစားအသိုင်းဝိုင်းက
လူငယ်လေးသုံးယောက် Las Encinas ကျောင်းတော်ကြီးမှာတက်ရောက်ဖို့
ကံအကြောင်းတိုက်ဆိုင်လာပါတယ်
မထင်မှတ်ထားတဲ့ ငလျင်လှုတ်ခတ်မှုကြောင့် ထိုလူငယ်လေးသုံးယောက်တက်နေတဲ့
အညတရကျောင်းလေးပြိုကျမှုဖြစ်ပြီးနောက်မှာမြို့နယ်ကောင်စီက
ခရစ်ရှန် ဆမ်မြူရယ်နဲ့ နာဒီယာတို့သုံးယောက်ကို Las Encinas ကျောင်းတော်ကြီးမှာ
အခမဲ့ပညာသင်ယူဖို့ စကော်လာရှစ် ပေးလာပါတယ်
သူတို့သုံးယောက်ကျောင်းစရောက်ပြီးနောက်မှာ
အညတရနဲ့ လူကုန်ထံတွေကြားပဋိပက္ခတွေဖြစ်လာတဲ့အပြင်
ပဋိပက္ခတွေဖြစ်နေရင်းကြားထဲကပဲ
ကျောင်းမှာကောင်မလေးတစ်ယောက်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်
သေဆုံးမှုနောက်ကွယ်ကတရားခံကဘယ်သူလဲ
ဘယ်သူကောင်မလေးကို သတ်သွားတာလဲ
အညတရကျောင်းသားလေးသုံးယောက်ကပဲမကျေနပ်လို့သတ်တာလား
ဒါကတော့ အပြီးထိကြည့်မှပဲ သိရမှာပါ
Money Heist စီးရီးထဲက ဒန်ဗာတို့
အယ်လီဆန်ပါကာတို့ကိုမြင်တွေ့ရဦးမှာဖြစ်ပြီး
တချိန်ကဓားပြကြီးဖြစ်ခဲ့တဲ့ ရီယိုကိုလဲ
ခရစ်ရှန်ဆိုတဲ့ကျောင်းသားလေးအနေနဲ့တွေ့မြင်ရမှာပါ
ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ပုံကလဲ ပြောစရာမရှိလောက်အောင်
သေသပ်တဲ့အပြင် ဇာတ်လမ်းကစားသွားတာလေးတွေလဲ လှပါတယ်
ဒါကတော့ကျွန်တော့်အမြင်ပါ Money Heist လိုပဲနောက်ခံ
သီချင်းအလန်းလေးတွေတွေ့ရမယ့်အပြင်
ဘယ်အချိန်ဘာဖြစ်မှန်းမသိရပဲ အင်မတန်စိတ်ဝင်စားဖို့
ကောင်းအောင်ရိုက်ထားတာတွေ့ရမှာပါ
တစ်ပိုင်းပြီးတာနဲ့နောက်တစ်ပိုင်းထပ်ကြည့်ချင်ကြမယ်ဆိုတာရဲရဲကြီးအာမခံပါတယ်
Rating အနေနဲ့ကလဲ IMDb မှာ 7.5 ရထားပြီး
Rotten Tomatoes မှာ 97% ဆိုတော့ ကျွန်တော်ပြောခဲ့သလိုပဲ
ဇာတ်အိမ်ဘယ်လောက်ထိခိုင်ခံ့မှုရှိလဲဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်ကြပါ..
Season ၁ ခုစီမှာ အပိုင်း (၈) ပိုင်းစီပါရှိပါတယ်။
ဘာသာပြန်ထားသူများကတော့...
ရှိန်းထက်နိုင် ၊ ဟိန်းသက်နိုင် ၊ ဝေဇင် ၊ August ၊ အေးမွန်ကျော် ၊ ညို့မျက်ဝန်း ၊
ကြည်ကြည် ၊ Aye Mon Kyaw ၊ Thaw ၊ Htoo Htoo Ka Joe ၊ Dolly ၊ Amelia ၊
Thet Hnin Hsu ၊ Jimx တို့ပဲဖြစ်ပါတယ်။
File Size – 400MB @Episode
Quality – WEB-DL 1080p & 720p
Duration – 50 minute (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama, Crime , Thriller
Translator – CM Team
Encoder – August , Xcode , Nyeinsaeya Aung , Thit San Khant , Hein TayZa
ဇာတ်ကားကြည့်ရန်