Rekonek (2025) IMDb Rating (5.5) Rekonek ဟာကမ္ဘာအဝှမ်းအင်တာနက်တွေရက်ရှည်ပြတ်တောက်မှုဖြစ်ပွားချိန်မှာ Digital life မှာနေသားကျနေကြတဲ့လူတစ်စု လက်တွေ့ကမ္ဘာကြီးနဲ့မဖြစ်မနေရင်ဆိုင်ကြရပုံကို ရိုက်ကူးထားတာပါ။ မပြေလည်တဲ့ အိမ်ထောင်ရေးကနေရုန်းထွက်ဖို့ ဇနီးသည်ကိုကွာရှင်းဖို့အသင့်ဖြစ်နေတဲ့လူတစ်ယောက်၊ ထိုင်းနိုင်ငံမှာသောင်တင်နေတဲ့ ပြည်ပရောက် ဖိလစ်ပိုင်အလုပ်သမလေး၊ မိသားစု အွန်လိုင်းချန်နယ်အပေါ် အစွဲအလန်းကြီးပြီး သူတို့မိသားစုစည်းလုံးညီညွတ် နေစေဖို့ တစ်ခုတည်းသော နည်းလမ်းက ဒီချန်နယ်ပဲလို့တစ်ယူသန်စိတ်ဝင်နေတဲ့ မိခင်တစ်ဦး၊ ထူးထူးခြားခြား နည်းပညာတွေကို မုန်းတီးလို့ အင်တာနက် ပျက်တာကိုပျော်နေတဲ့ ဒေါသအိုးအဘွားကြီးတစ်ယောက် အစရှိတဲ့ ဇာတ်ကောင်တွေနဲ့ ကိုယ်စီဇာတ်လမ်းလေးတွေကို တစ်ကားတည်းမှာတွေ့မြင်ရမှာပါ။ ပြောရမယ်ဆိုရင်ကြည့်ရတာ အတော်လေးပျော်စရာကောင်းတဲ့ ရုပ်ရှင်ပါ။ ဇာတ်ကောင်အများကြီးပါဝင်ပေမယ့် ဇာတ်လမ်းကိုရှုပ်ထွေးမသွားအောင် ဒါရိုက်တာက ပညာသားပါပါထိန်းကျောင်းတင်ဆက်သွားနိုင်ပါတယ်။ မွန်းကျပ်စရာတွေများတဲ့ ကာလထဲ Heartwarming/Feel-good ဖြစ်စေနိုင်တဲ့ အားလပ်ရက် မိသားစု ဇာတ်ကားမျိုးတွေကိုခံစားချင်ရင် ဒီဇာတ်ကားက မကြည့်မဖြစ်ပါပဲ။ File size… (6.3 GB) / (1.6 GB) / (880 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Family Duration…. 01:53:55 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်