★ 7.8
ဇာတ်ကား / 2022Like & Share
စိတ်ကူးအိပ်မက်တွေ အပြည့်ရှိတဲ့ ဆယ်ကျော်သက် ကောင်မလေးနှစ်ယောက်ဟာ ASMR ဗီဒီယိုတွေ ရိုက်ကူးတင်ဆက်တဲ့ ချန်နယ်တစ်ခုကို ထောင်ထားကြပါတယ်။ အဲဒီသူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကျပ်ကိုင်ခံရတဲ့အခါ ဒီအဖြစ်အပျက်ကို နှစ်ယောက်သား ဘယ်လိုကြံ့ကြံ့ခံ ရင်ဆိုင်ကြမလဲဆိုတာကို ဇာတ်လမ်းက ပြထားပါတယ်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပြီး ခြိမ်းခြောက်ခံရတဲ့အခါ မိန်းကလေးတွေရဲ့ဘဝပဲ ပျက်စီးသွားပြီး ယောက်ျားလေးတွေကတော့ ဘာမှမဖြစ်ကြဘူးလို့ ဇာတ်ကောင်တစ်ယောက်က ပြောထားတယ်။ ဒီအင်ဒိုနီးရှားဒရမ်မာမှာ အဲဒီလို မိန်းကလေးတွေဘက်က ပိုခံစားရတတ်တဲ့ စိတ်ဒဏ်ရာတွေအပြင် အာရှနိုင်ငံတွေကြား သိပ်မကွဲပြားလှတဲ့ လူမှုအမြင်တွေကိုလည်း တွေ့ရပါတယ်။
ဇာတ်ကားကြည့်ရန်