Uang Passolo -Amplop Kondangan- (2026) IMDb Rating (7.1) မင်္ဂလာဆောင် ဓာတ်ပုံဆရာလေးရစ်ဇ်နဲ့ အစမ်းခန့်ဆရာမလေး ဘီဘာတို့ဟာ မင်္ဂလာပွဲလေးတစ်ခုကို အကျဉ်းရုံးကျင်းပဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့်လည်း အပေါင်းအသင်းဆန့် အကြွားသန်သလို ရှေးရိုးကလည်းစွဲသေးတဲ့ ဘီဘာရဲ့အဒေါ်ဖြစ်သူဟာတစ်ခုပြီးတစ်ခု ချဲ့ရင်းကားရင်းနဲ့က သူတို့မှန်းထားတဲ့ ဘတ်ဂျက် သူတို့မှန်းထားတဲ့ ဧည့်ပရိသတ်ထက် အများကြီး ပိုသွားပြီး သူတို့တတ်နိုင်တဲ့ စရိတ်ရဲ့အပြင်ဘက်ကို ကျော်လွန်ချိန်မှာတော့ နှစ်ဘက်ကြားက ပြဿနာတွေစတင်လာပါတော့တယ်။ ဘီဘာ့ဘက်က ရစ်ဇ်ကို အသုံးမကျတဲ့ မတန်မရာမှန်းတဲ့ကောင်လို့ စွပ်စွဲကြသလို ရစ်ဇ်ဘက်ကလည်း သူတို့ မိသားစုဟာ ဆန်မရှိပဲ အစားကြီးတွေလို့ယူဆလာပါတော့တယ်။ ဒီအက်ကြောင်းဟာ ဘယ်လောက်ကြီးမားမလဲ? သူတို့မျှော်မှန်းထားတဲ့အတိုင်း အဆင်ပြေပြေပြီးဆုံးသွားပါ့မလား? ဒီလိုဆန့်ကျင်ဘက်အယူအဆရှိတဲ့ နှစ်ဘက်ဟာ ဘယ်လိုပြေလည်အောင်ညှိနှိုင်းကြမလဲ စတာတွေကို ဟာသနှောပြီး ပေါ့ပေါးပါးပါးတင်ဆက်ထားတာပါ။ မေတ္တာ၊သိက္ခာနဲ့ ဖိတ်စာ ဆိုတဲ့အတိုင်း မင်္ဂလာပွဲတစ်ခုဆိုတာ အချစ်ချင်းဆုံဆည်းဖို့သက်သက်သာ မဟုတ်ပဲ ဂုဏ်သိက္ခာချင်းပါစစ်ခင်းရတဲ့ အခမ်းအနားတစ်ခုဆိုတာကို အင်ဒိုနီးရှားမင်္ဂလာဓလေ့ထုံးစံတွေ၊ ရှေးရိုးစွဲလူကြီးတွေနဲ့ ခေတ်လူငယ်တွေကြားက ပွတ်တိုက်မှုတွေ၊လူ့သဘာ၀ အတ္တမာန အားပြိုင်မှုတွေကို သဘာ၀ကျကျ ပီပီပြင်ပြင်တွေ့မြင်ခံစားရမယ့် စိတ်ကြည်နူးနွေးထွေးစရာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.4 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama,Family Duration…. 01:35:23 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်