Call Me Mother (2025) ဖိလစ်ပိုင် ရုပ်ရှင်လောကရဲ့ ထိပ်တန်း အနုပညာရှင်နှစ်ဦးဖြစ်တဲ့ Vice Ganda နဲ့ Nadine Lustre တို့ပါဝင်ပြီး LGBTQ+ အသိုင်းအဝိုင်းက မိခင်တစ်ယောက်ရဲ့ ပေးဆပ်မှုနဲ့ ရုန်းကန်ရမှုတွေကို သေချာရိုက်ပြထားပါတယ် ဇာတ်လမ်းကတော့ မွေးစားသားကလေးကို မိခင်မေတ္တာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးထားတဲ့ ကွီးယား(Queer) မိခင်တစ်ယောက်ဖြစ်တဲ့ "တွင်းကယ်" (Twinkle) အကြောင်းကနေ စတင်ထားတာပါ။ တွင်းကယ် ရဲ့ တခုတည်းသော အကြီးမားဆုံး အိမ်မက်ကတော့ သားလေးကို ဥပဒေအရ တရားဝင် မွေးစား မိခင်အဖြစ် သတ်မှတ်ခွင့် ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သားလေးရဲ့ မွေးမိခင် အရင်းဖြစ်သူ "မာရာ"ဆိုတဲ့ အမျိုးသမီးဟာ ရုတ်တရက် ပေါ်လာခဲ့ပါတော့တယ်။ မာရာ ရောက်ရှိလာမှုကြောင့် တွင်းကယ် ရဲ့ တရားဝင် မွေးစားခွင့် အိမ်မက်တွေ ယိမ်းယိုင်သွားခဲ့ရသလို... မိခင်မေတ္တာ အပြိုင်အဆိုင် ဖြစ်လာခဲ့ရပါတော့တယ်။ သွေးသားရင်းနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ မေတ္တာတရားတို့ကြားမှာ ကလေးရဲ့ အနာဂတ်အတွက် မိခင် နှစ်ဦးစလုံး ဘယ်လိုမျိုးရွေးချယ်မှုတွေ ပြုလုပ်ကြမလဲဆိုတာကို ကြည့်ရမယ့် ဒရမ်မာကားကောင်းလေး ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်