Zang Hai Zhuan ဒါမှမဟုတ် The Legend of Zang Hai ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာဆိုရင် Xiao Zhan, Zhan Geကို တစ်မူထူးခြားပြီး ဆန်းသစ်တဲ့ ကာရိုက်တာနဲ့ တွေ့ရမှာပါ။ Zhan Geတင်မကပါဘူး။ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီး #ZhangJingyiအပြင် အခြား ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတာမို့ ဇာတ်အိမ်ခိုင်တဲ့အပြင် အပိုအလိုမရှိတဲ့ သရုပ်ဆောင်စကေးတွေကို ကြည့်ရှုကြရမှာပါ။ အစချီရမယ်ဆိုရင်တော့ ကျစ်နွီက အစက သာ့ရုန် တော်ဝင် နက္ခတ်ဗေဒပညာရှင် ခွိုက်သောရဲ့သားဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကံကြမ္မာငင်တဲ့ ညတစ်ညမှာတော့ ကျစ်နွီရဲ့မိသားစုတစ်ခုလုံး သုတ်သင်ခံခဲ့ရပါတယ်။ ကလဲ့စားချေမယ့်အရေးကို ဆိုင်းငံ့ပြီး ဗိသုကာပညာနဲ့ နိုင်ငံရေးဗျူဟာကို စတင်သင်ယူခဲ့ပါတယ်။ ဆယ်နှစ်အကြာမှာ သူဟာ အမည်လွှဲ ကျန့်ဟိုင်နဲ့ မြို့တော်ကို ပြန်လာပြီး ရန်သူတော် အမတ်မင်း ဖျင်ကျင်းရဲ့ မြင်ကွင်းထဲကို စတင်ဝင်ရောက်လာခဲ့တယ်။ အမတ်မင်း ဖျင်ကျင်း ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် ကျန့်ဟိုင်က ဧကရာဇ်နဲ့ ဧကရီရဲ့ ပူးတွဲမြေချသင်္ဂြိုဟ်ရတာမျိုးလို ပြဿနာအခက်အခဲများစွာကို ဖြေရှင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျန့်ဟိုင်က နန်းတွင်းကို ဝင်ရောက်ခဲ့ပြီး တော်ဝင်နက္ခတ်ဗေဒပညာရှင်အသစ်ဖြစ်လာခဲ့ပါတယ်။ သူဟာ အမတ်မင်း ဖျင်ကျင်း နဲ့ သူ့မိသားစုကို သတ်ဖြတ်ခဲ့တဲ့အမှုမှာ ပါဝင်ပတ်သက်သူအားလုံးကို တရားမျှတစွာ အပြစ်ပေးဖို့အတွက် ဂရုတစိုက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အတွင်းဝန်မင်းကြီး ရှီဟွိုက်ရှန်းက သုန်ရှ တိုင်းပြည်နဲ့ အခြားအိမ်နီးချင်းတိုင်းပြည်တွေကို ချေမှုန်းဖို့အတွက် စစ်မီးကို စတင်ချင်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် ကျန့်ဟိုင်၊ ကျွမ့်ကျစ်ရှင်း၊ ရှန်းဝမ်ယန် နဲ့ အခြားသောသူတွေက ရှီဟွိုက်ရှန်း ကို တားမြစ်ရပ်တန့်ဖို့နဲ့ သာ့ရုန်နဲ့ အခြားတိုင်းပြည်တွေကြားက စစ်ပွဲကိုဖြေရှင်းဖို့ ကြိုးစားကြမှာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p, 720p Total Episodes : 40 Format : mp4 Genres : Historical Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Htat Nandar Khin Encoded by LK
ဇာတ်ကားကြည့်ရန်