Brazil (1985) (Director's Cut) IMDB : 7.8 Rotten Tomatoes : 98% Genre : Sci-Fi / Black Comedy Brazil ကတော့ Morty Python အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Terry Gilliam ကိုယ်တိုင်ရိုက်ကူးထားတဲ့ Dystopian Sci-Fi ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ Dystopian ဆိုတာကတော့ ပျက်စီးယိုယွင်းနေတဲ့ အနာဂတ်ကိုပုံဖော်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် Genre ကိုခေါ်တာဖြစ်ပါတယ်။ ဇာတ်ညွှန်း အနာဂတ်မှာ လူတိုင်းက စာရွက်စာတမ်းတွေအောက်မှာ နစ်မြုပ်နေပါပြီ။ အခန်းပြင်ချင်လား၊ စာရွက်စာတမ်းအရင်ဖြည့်ရမယ်။ မီးပြင်ချင်လား စာရွက်စာတမ်း အရင်ဖြည့်ရမယ်။ နေ့တိုင်းကြားရ မြင်ရ လုပ်ရတာတွေက စာရွက်စာတမ်းတွေဖြစ်နေပါတယ်။ တိုးတက်မှုရဲ့ နောက်ကွယ်မှာ ဆုတ်ယုတ်မှုကြီးက လိုက်လာပြီး ပျက်စီးနေတဲ့ အစိုးရက Run နေတဲ့ အနာဂတ်မြို့တော်ကြီးမှာ ဆမ်လာရီဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ ဆမ်ဟာ သာမာန်ရုံးမှာလုပ်ကိုင်နေတဲ့ စာရေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ စာရွက်စာတမ်းအမှားတစ်ခုကြောင့် အပြစ်မရှိတဲ့ လူတစ်ယောက်ကို သုတ်သင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒါကို ဆမ်ကမနေနိုင်လို့ ဝင်တားရင်း အရှုပ်အထွေးထဲကို ရောက်သွားပါတော့တယ်။ ဆမ်ရဲ့ အိမ်မက်ထဲမှာလည်း ကောင်မလေးတစ်ယောက်ကို ညတိုင်းလိုလို မြင်ရမက်ခဲ့ရပါတယ်။ ကြားထဲမှာ မဖြစ်သင့်တာကို ဝင်တားရင်း သူ့ဘဝမှာပါ မဖြစ်သင့်တာတွေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုအလွဲတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါခင်ဗျာ။ File size… 3 GB / 1.8 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 22m Genre ..... Sci-Fi / Black Comedy
ဇာတ်ကားကြည့်ရန်