IMDB : 7.6/10 ဒီကားလေးကတော့ စုံထောက်ကားလေးလည်းဟုတ်သလို တစ်ဖက်သူရန်မူလာတာကိုပြန်ခုခံရင်းနဲ့ လူသတ်မိသွားတဲ့အတွက် ဘာမှမသိတဲ့သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကြောက်ရွံစိတ်နဲ့ လူသတ်မှုကို ဘယ်လိုခြေရာဖျောက်ဖိုကြိုးစားသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ကောလိပ်တစ်ခုမှာပညာသင်နေတဲ့ ပရော်ဖက်ဆာရစ်ချာ့ဒ်ဝမ်လီဟာ တစ်နေ့သူ့သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီးညဖက်စားသောက်ဆိုင်မှာ စကားလက်ဆုံဖွဲကြပါတော့တယ်။ပြောနေရင်းမှာပဲ အပြင်ဆိုင်မှာချိတ်တင်ထားတဲ့မှန်ဘောင်ထဲက မိန်းမချောလေးရဲ့ပန်းချီကိုကြည့်ပြီး ဝေဖန်ပြောဆိုနေကြပါတယ်။ အပြန်မှာလူစုခွဲကြတော့ ပရော်ဖက်ဆာဝမ်လီဟာ အဲ့ဒီပန်းချီကိုကြည့်နေရင်း ရုတ်တရက်ပုံထဲက မိန်းမချောလေးဖြစ်တဲ့ လူအစစ်ကသူမရဲ့ပုံကိုကြည့်နေတာကိုမြင်ပြီး စကားလက်ဆုံလာဖွဲပါတော့တယ်။ဒီလိုနဲ့ ပရော်ဖက်ဆာဝမ်လီဟာ မိန်းမချောလေးရဲ့အိမ်အထိပါသောက်စားရင်း လိုက်ပါသွားပြီး စကားထိုင်ပြောနေကြပါတယ်။ ထိုအချိန်မှာပဲ ယောက်ျားတစ်ယောက်ကရောက်လာပြီး ဝမ်လီက မိန်းမချောလေးနဲ့အတူရှိနေတာကိုမြင်ပြီး ဒေါသထွက်ကာ ဝမ်လီကိုတိုက်ခိုက်ပါတော့တယ်။ဝမ်လီလည်း ပြန်ခုခံရင်းကနေ မတော်တဆလူသတ်မိသွားတဲ့အတွက် အလောင်းဖျောက်ပြီး စုံထောက်တွေရဲ့ ခြေရာခံမှုတွေကို မိန်းမချောလေးနဲ့အတူ ဘယ်လိုရှောင်တိမ်းသွားမလဲဆိုတာကိုတော့..... File size…(1.3 GB)/(757 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်