Dark Hollow (2026) IMDb Rating (3.7) Appalachian တောင်တန်းဒေသက မြို့လေးတစ်မြို့မှာနေထိုင်တဲ့ ကေစီဆိုတဲ့ မိန်းမငယ်လေးက မကျန်းမာတဲ့ အဘွားနဲ့သားလေး အပါအဝင် မိသားစုကိုစောင့်ရှောက်နေရတဲ့သူပါ။ အဲ့ဒီမြို့ကို လောဘသားတွေဦးစီးပြီး သဘာ၀ပတ်ဝန်းကျင်ကိုပါဖျက်ဆီးနေတဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတစ်ခုက လက်ဝါးကြီးအုပ်ထိန်းချုပ်ပြီး သူတို့မိသားစုပိုင်မြေတွေကို မတရားသိမ်းယူဖို့ကြံစည်နေပါတယ်။ အဲ့ဒါတွေနဲ့ရင်ဆိုင်နေရတဲ့ အချိန်တွေမှာပဲ သူ့ချစ်သူ ဂျက်ဆီကပါ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကေစီတစ်ယောက် ဂျက်ဆီနဲ့ပတ်သက်တဲ့ အိမ်မက်ဆိုးတွေ မကြာခဏမြင်မက်လာပြီး သူ့ချစ်သူဟာ အန္တရာယ်တွေရင်ဆိုင်နေရပေမယ့် အသက်ရှင်နေသေးတယ်ဆိုတဲ့ ခံစားချက်တစ်ခုနဲ့ဂျက်ဆီကို ခြေရာခံလိုက်ရှာဖို့ကြံပါတော့တယ်။ ဒါပေမယ့် တကယ်တမ်း သူရင်ဆိုင်ရမယ့် အန္တရာယ်က မြေအောက် ကျောက်မီးသွေးတွင်းဟောင်းကြီးထဲက သားရဲမကောင်းဆိုးဝါးကြီးတစ်ကောင်ဖြစ်နေတာကို သူကိုယ်တိုင်မသိရသေးပါဘူး။ ရေနံတွေ အဆိပ်ဓာတ်ငွေ့တွေ၊ မြေသိမ်းဖို့ကြံနေတဲ့ ကုမ္ပဏီကလူတွေနဲ့အတူ သူ့အတွက် အတားအဆီးပေါင်းစုံကိုကေစီတစ်ယောက်ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ မကောင်းဆိုးဝါးကြီးတွေကိုပုံဖော်တဲ့နေရာမှာ Practical effects နဲ့ Digital နည်းပညာကို ရောစပ်သုံးထားတာကြောင့် ပီပြင်ပြီး တစ်ချို့နေရာတွေမှာ အတော်အသည်းယားစရာကောင်းပါတယ်။ ဇာတ်ညွှန်းလိုအပ်ချက်တစ်ချို့ရှိပေမယ့် မမြင်ရတာကြာပြီဖြစ်လို့ကြည့်ပျော်တဲ့Creature Feature ဇာတ်ကားတစ်ကားပါပဲ။ File size… (1.2 GB) / (610 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Horror,Science Fiction Duration…. 01:35:19 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်