sun choke (2015) "ဂျေနီ "ဟာ အတိတ်က ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ပြီးနောက်မှာ ပြန်လည်ကောင်းမွန်လာဖို ကြိုးစားနေသူဖြစ်ပြီး တောင်ကုန်းပေါ်က အိမ်ကြီးတစ်လုံးထဲမှာ ပိတ်လှောင်သလို နေထိုင်နေရတာပဲဖြစ်ပါတယ် သူ့ရဲ့အဖေက နိုင်ငံခြားမှာ အလုပ်ကိစ္စနဲ့ သွားရောက်နေထိုင်နေတာကြောင့် ဂျေနီ့ကို ပြုစုစောင့်ရှောက်ဖို "အာမာ"ဆိုတဲ့ ကလေးဘဝကတည်းက ထိန်းလာခဲ့တဲ့ အုပ်ထိန်းသူကို တာဝန်ပေးထားခဲ့ပါတယ် အာမာဟာ ဂျေနီ ပြန်ကောင်းလာဖိုအတွက် နေ့တိုင်း ထူးဆန်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းတွေ ပြင်းထန်တဲ့ ယောဂကျင့်စဉ်တွေ စိတ်ကို ထိန်းချုပ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန်တဲ့ ကုထုံးတွေနဲ့အတူ အာမာရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ရှင်သန်နေရသူပါ တစ်နေ့မှာတော့ ဂျေနီဟာ "ဆာဗားနား"နဲ့ လမ်းမှာ မတော်တဆတွေ့ခဲ့ပြီး သူနဲ့ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခု ရှိနေတယ်လို ယုံကြည်လာပါတယ် အဲဒီနောက်မှာ ဆာဗားနား အပေါ် စိတ်ဝင်စားမှုက တဖြည်းဖြည်း စွဲလမ်းမှုအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ အတွင်းစိတ်က ဖိနှိပ်ထားတဲ့ အမှောင်ဘက်ခြမ်းတွေ ပြန်ပေါ်လာပါတော့တယ် ဂျေနီရဲ့ စိတ္တဇစိတ် စိတ်ကူးယဉ်မှုနဲ့ အမှန်တရားတွေ ရောထွေးကုန်ပြီး အာမာရဲ့ထိန်းချုပ်မှု ဆာဗားနားအပေါ် စွဲလမ်းမှုတွေ ပေါင်းစပ်လာတဲ့အခါ သူတို သုံးဦးကြားက ဆက်ဆံရေးဟာ မမျှော်လင့်တဲ့ အန္တရာယ်ရှိတဲ့ လမ်းကြောင်းဘက်ကို ဘယ်လိုဦးတည်သွားမလဲဆိုတာ.... ဇာတ်လမ်းတစ်လျှောက်လုံး အသက်ရှူဖိုတောင် မေ့သွားရလောက်အောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် thriller / horror အမျိုးအစား ဇာတ်ကားကြိုက်တယ်ဆိုရင်တော့ ကြည့်သင့်ပါကြောင်း
ဇာတ်ကားကြည့်ရန်