Devil's Knight (2025) +++++++++ Devil's Knight ဆိုတဲ့ဇာတ်ကားလေးကတော့ အဂ်လိပ် ဒဏ္ဍာရီလာ စိတ်ကူးယဥ်ကမ္ဘာမျိုးမှာ မိစ္ဆာ၊နတ်ဆိုးနဲ့ စစ်သည်တွေတိုက်ခိုက်တာကို ဟောလိဝုဒ်သရုပ်ဆောင်တွေကိုဇာတ်ပို့အနေနဲ့သုံးပြီး ဘက်ဂျက်နည်းနည်းနဲ့ရိုက်ကူးထားတဲ့ Action, Drama. Horror ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း---------- ဗီရိုကာ လို့ခေါ်တဲ့ စိတ်ကူးယဉ်ကမ္ဘာမှာ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေဟာ လူသားတွေကို ဒုက္ခပေးနေကြပြီး ရီမန်နီ ဘုရင့်နိုင်ငံမှာတော့ အရိုးနတ်ဆိုး လို့ခေါ်တဲ့ ရှေးဟောင်းမိစ္ဆာကြီးဟာ နှစ်ပေါင်းများစွာ နိုင်ငံကိုဒုက္ခပေးနေပါတယ်။ ရီမန်နီ နိုင်ငံက အတော်ဆုံးတပ်ဖွဲ့တွေကို အခါခါလွှတ်လည်း မိစ္ဆာကြီးကို မသုတ်သင်နိုင်တာကြောင့်ဘုရင် ဆင်မြူရယ် ဟာ ဒီမိစ္ဆာကြီးကို နှိမ်နင်းဖို့အတွက် ပျောက်ဆုံးနေသောဓားသွားအဖွဲ့ လို့ခေါ်တဲ့ က အတော်ဆုံး မိစ္ဆာမုဆိုးအဖွဲ့ကို ငှားရမ်းခဲ့ပါတယ်။ ဒီမုဆိုးတွေဟာ သူတို့ရဲ့ ကျွမ်းကျင်မှုအားလုံးကို အသုံးပြုပြီး ဒီရှေးဟောင်းမိစ္ဆာကြီးကို ဖျက်ဆီးဖို့ ကြိုးစားကြရင်းနောက်ပိုင်းမှာဘာတွေဆက်ဖြစ်လာပြီး သူတို့နှိမ်နှင်းမယ့် အရိုးနတ်ဆိုးကရော ရီမန်နီ နိုင်ငံနဲ့ ဘယ်လိုပတ်သတ်နေမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။ File Size… (1.27GB) / (693MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre … Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်