Kafir: A Deal with the Devil (2018) IMDb Rating (6.4) မိသားစုဝင်ချင်း နွေးထွေးချစ်ခင်ပြီး ပျော်စရာကောင်းတဲ့ ဟာမန်းတို့မိသားစုလေးရဲ့ညစာထမင်းဝိုင်းမှာအိမ်ထောင်ဦးစီးဖြစ်တဲ့ ဟာမန်းဟာ ရုတ်တရက်ဖန်ကွဲစတွေအန်ပြီး ထူးထူးခြားခြားသေဆုံးသွားခဲ့ပါတယ်။ ဟာမန်း သေဆုံးပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူ စရီကလည်း အိမ်တွင်းမှာ ထူးခြားမှုတွေကို ခံစားလာရသလိုသူကိုယ်တိုင်လည်း မသိလိုက်ပဲ ထူးထူးဆန်းဆန်းအပြုအမူတွေလုပ်လာမိပါတော့တယ်။ သားသမီးနှစ်ဦးကတော့သိပ်ချစ်ရတဲ့ ခင်ပွန်းသည်ကွယ်လွန်သွားလို့ စိတ်ထိခိုက်နေတာလို့အထင်ရောက်ခဲ့ပေမယ့် သမီးငယ် ဒီနာက သူ့မိခင်ရဲ့အပြုအမူတွေဟာ သွေးရိုးသားရိုးမဟုတ်နိုင်ကြောင်း ရိပ်စားမိလာတဲ့ အလျောက်တတ်နိုင်တဲ့ဘက်ကစုံစမ်းပြီး ပြဿနာရဲ့ရင်းမြစ်တွေကို အဖြေရှာဖို့ကြိုးစားရပါတော့တယ်။ အင်ဒိုနီးရှားရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Best Sound ဆုနဲ့Best Art Direction ဆုတွေဆွတ်ခူးရရှိခဲ့ပြီး BO မှာလည်း ၂၀၁၈ ရဲ့အအောင်မြင်ဆုံး ဟော်ရာဇာတ်ကားစာရင်းထဲမှာပါခဲ့ပါတယ်။ ၉၀ ခေတ်ဟောင်းရဲ့ပုံစံကိုProduction Design ကောင်းကောင်း အရောင်အသွေးလှလှနဲ့ ခြောက်ခြားစရာကောင်းအောင်ရိုက်ပြနိုင်သလို Jump Scareမပါသလောက်နဲ့တုန်လှုပ်စရာကောင်းအောင်တင်ပြနိုင်တဲ့ တန်းမြင့်ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.1 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Mystery,Thriller Duration…. 01:38:35 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်