ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးရဲ့ အုပ်ထိန်းမှုအောက်မှာ ဆယ်ကျော်သက်ညီအစ်မငါးယောက် ကြီးပြင်းလာကြပါတယ်။ သူတို့ကို စိတ်ဝင်စားနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ အမြင်ကနေ ဇာတ်လမ်းကို ပြောပြထားတာပါ။ မိဘတွေရဲ့ ချုပ်ခြယ်မှုတွေကြောင့် အငယ်ဆုံး ဆီစီလီယာဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ပါတယ်။ ဆရာဝန်က သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ အကြံပြုပေမယ့် ရှေးရိုးစွဲတဲ့မိခင်က လက်မခံဘဲ ခေါင်းမာနေတယ်။ တစ်နေ့မှာတော့ ထရစ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် သူတို့ ညပါတီတက်ခွင့် ရလာကြပါတယ်။ အပြင်လောကကို ထွက်ခွင့်ရလာတဲ့ သူတို့ ဘာတွေဆက်ကြုံရမလဲ၊ မိဘတွေက ဘာကြောင့် ဒီလောက်ချုပ်ခြယ်ထားကြတာလဲဆိုတဲ့ မေးခွန်းတွေကို ၁၉၇၀ ဝန်းကျင်က အငွေ့အသက်တွေနဲ့အတူ တွေ့ရမှာပါ။ ၁၉၉၉ ခုနှစ်ထွက် ဒီဒရာမာအချစ်ဇာတ်ကားဟာ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ ၁၉၉၃ ခုနှစ်ထုတ် ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ပြန်ဖန်တီးထားတာပါ။ Sam Raimi ရဲ့ Spider-Man မှာ Mary Jane အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunst လည်း ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်