ဒန်နီမက်တီဂန်က ဂျက်စလေ့တာဆိုတဲ့ ရုပ်ရှင်ဟီးရိုးကို အရူးအမူး ကြိုက်တဲ့ကောင်လေးပါ။ တစ်နေ့မှာ သူသွားနေကျ ရုပ်ရှင်ရုံက ရုံပိုင်ရှင်နစ်ခ်ဟာ သူ့ကို မှော်လက်မှတ်တစ်စောင် ပေးလိုက်ပါတယ်။ အဲဒီလက်မှတ်ကြောင့် ဒန်နီဟာ ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ ရောက်သွားပြီး သူကြိုက်တဲ့ဟီးရိုးရဲ့ စွန့်စားခန်းတွေထဲ ပါဝင်သွားပါတော့တယ်။ ဒါပေမဲ့ မှော်လက်မှတ်က ဗီလိန်ဘန်နက်ဒစ်တ်လက်ထဲ ရောက်သွားတဲ့အခါ အခြေအနေ ပြောင်းသွားပါတယ်။ လက်မှတ်ကို ဘယ်လိုသုံးရမလဲ သိသွားတဲ့ ဘန်နက်ဒစ်တ်ဟာ ရုပ်ရှင်လောကနဲ့ အပြင်လောကကြား ကူးသန်းရင်း ရုပ်ရှင်တွေထဲက ဗီလိန်တွေကို ခေါ်ထုတ်ဖို့ ကြိုးစားလာတယ်။ ဒန်နီနဲ့ ဂျက်တို့ သူ့ကို ဘယ်လိုတားကြမလဲ၊ ရုပ်ရှင်ထဲမှာ ဘယ်လိုသတ်သတ် မသေတဲ့ဟီးရိုးက အပြင်လောကကို ရောက်လာရင်ရော အဲဒီလိုပဲ ဆက်ဖြစ်နိုင်ဦးမလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ Arnold Schwarzenegger ပါဝင်ထားတဲ့ ၁၉၉၃ ခုနှစ်ထွက် အက်ရှင်၊ စိတ်ကူးယဉ်နဲ့ ဟာသ ရောစပ်ထားတဲ့ ဇာတ်ကားပါ။ ဒန်နီက ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ သရုပ်ဆောင်တွေကို တခြားဇာတ်ကားတွေထဲက ဇာတ်ကောင်တွေအဖြစ် မှတ်မိပြီး ပြန်ပြောနေတဲ့ ဟာသခန်းတွေလည်း ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်