ငယ်ငယ်တုန်းက ဝါးတားတားနဲ့ကြည့်ခဲ့ရတဲ့ ကြည့်ခဲ့ဖူးတဲ့ သိုင်းကားဇာတ်လမ်းတွေထဲက အကြည်တောင်းဆိုမှုများတဲ့ မြိုင်ဟေဝန်ကသိုင်းလုလင် ဇာတ်လမ်းတွဲ ( ပထမတွဲ ) ကို Exclusive အနေနဲ့ HD Version ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ် ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်အိမ်လေးကတော့ သိုင်းလောကရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ၊ ညီအစ်ကိုသံယောဇဉ်နဲ့ အချစ်၊ အမုန်း၊ အာဃာတတွေကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်ရိုက်ကူးထားတဲ့ ဂန္ထဝင်သိုင်းကားကောင်းလေးတစ်ကားအကြောင်းပဲ ဖြစ်ပါတယ်။စီးရီးရဲ့နာမည်လေးအတိုင်းပဲ ရေလိုအေးချမ်းပြီး လမင်းလိုလှပတဲ့ လျှို့ဝှက်တောင်ကြားထဲကနေ ပြင်ပလောကကို ရောက်ရှိလာတဲ့ လူငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မြင်တွေ့ရမယ့်အပြင် အဓိကဇာတ်ဆောင်တွေကလည်း လုံးဝရှယ်ပါပဲ။ ပရိသတ်တွေရဲ့အသည်းကျော် မင်းသားကြီး ယွီပေါ် (Yu Bo)၊ ဟောင်ကောင်မင်းသမီးချော အေဒါချွိုင် (Ada Choi)၊ ယန်ကျွင်းရီ (Yang Jun Yi)၊ မော်နီကာချန်း (Monica Chan) နဲ့ မင်းသား ကျန်းကျင်း (Max Zhang) တို့က အဓိကပါဝင်အားဖြည့်ထားကြတာပါ။ ဇာတ်လမ်းအညွှန်း >>> လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀၀) ကတည်းက ကျိန်စာသင့်ပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ဖြတ်ကာ "ရေလမင်းဂူနန်းတော်" (Shui Yue Dong Tian) ဆိုတဲ့ လျှို့ဝှက်နေရာလေးမှာ ပုန်းအောင်းနေထိုင်ခဲ့ကြတဲ့ ထုန် (Tong) ဆွေမျိုးစုဆိုတာ ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ အသည်းအသန်ဖျားနာနေတဲ့ ဖခင်ဖြစ်သူကို ကယ်တင်နိုင်မယ့် ဆေးဝါးကို အပူတပြင်းရှာဖွေဖို့အတွက် ထုန်ညီအစ်ကိုသုံးယောက်ဖြစ်တဲ့ ထုန်ပေါ်၊ ထုန်ကျန့် နဲ့ ထုန်ရှင်း တို့ဟာ တားမြစ်ချက်တွေကိုဖောက်ဖျက်ပြီး အန္တရာယ်များလှတဲ့ ပြင်ပသိုင်းလောကထဲကို ထွက်လာခဲ့ကြပါတယ်။ ပြင်ပလောကကိုရောက်တဲ့အခါမှာတော့ တက်ကြွလန်းဆန်းပြီး ဂျစ်ကန်ကန်နိုင်တဲ့ သူခိုးမလေး သို့သို့ နဲ့ အပြင်ပန်းမှာ နူးညံ့သိမ်မွေ့ပေမဲ့ အတွင်းစိတ်ကြံ့ခိုင်တဲ့ မိန်းမလှလေး ယင်ထျန်းရွှယ် တို့နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။ အေးစက်တည်ငြိမ်တဲ့ အစ်ကိုကြီး ထုန်ပေါ်နဲ့ ဆတ်တလူးလေး သို့သို့တို့ရဲ့ မတည့်အတူနေ အချစ်ဇာတ်လမ်း၊ ဖြောင့်မတ်တည်ကြည်တဲ့ ဒုတိယအစ်ကို ထုန်ကျန့်နဲ့ ထျန်းရွှယ်တို့ရဲ့ နက်ရှိုင်းလှတဲ့ အချစ်ဇာတ်လမ်းတွေက သိုင်းလောကရဲ့ အရှုပ်အထွေးတွေကြားမှာ အပြိုင်လှပနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ခရီးလမ်းက ထင်သလောက်မဖြောင့်ဖြူးခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ် (၅၀၀) ကတည်းက ထုန်ဆွေမျိုးစုအပေါ် အငြိုးကြီးကြီးထားခဲ့တဲ့ မသေမျိုးမိစ္ဆာကြီး ယင်ကျုံး (Yin Zhong) ရဲ့ ကြောက်မက်ဖွယ် အကြံအစည်တွေ၊ လျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... ညီအစ်ကိုသုံးယောက် ဘယ်လိုပူးပေါင်းတွန်းလှန်ကြမလဲ။ သူတို့ရဲ့ အချစ်ရေးနဲ့ မိသားစုအရေးကိုရော ဘယ်လိုရွေးချယ်ဖြတ်သန်းကြမလဲဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းက ညီအစ်ကိုမေတ္တာကို အဓိကထားပြသသွားတဲ့အပြင် ပရိသတ်တွေကို ရယ်ရခက် ငိုရခက်ဖြစ်စေမယ့် အချစ်ဇာတ်ကွက်တွေ၊ အမိုက်စား သိုင်းကွက်တွေနဲ့ အချိုးကျကျ ပေါင်းစပ်ထားတဲ့ Wuxia ကောင်းလေးတစ်ခုဖြစ်လို့ သိုင်းကားပရိသတ်တွေအကြိုက် လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ် Total Episodes : 30 ( Season 1 ) Quality : WEB-DL 1080p Format : mp4 Genres : Action & Adventure and Drama Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်