Housemaid (2026) ++++++ ဒီကားဟာ နည်းပညာရဲ့အမှောင်ဘက်ခြမ်းနဲ့လူ့စိတ်ရဲ့မနာလိုမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ Sci-Fi Horror ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဇနီးဖြစ်သူသေဆုံးသွားလို့ ဝမ်းနည်းပူဆွေးနေရတဲ့မုဆိုးဖိုအမျိုးသားတစ်ယောက်ဟာ သူ့ဇနီးကို အရမ်းလွမ်းဆွတ်တာကြောင့် ဇနီးဖြစ်သူရဲ့စိတ်ဝိညာဉ်နဲ့မှတ်ဉာဏ်တွေရှိတဲ့ စက်ရုပ်အိမ်ဖော်မလေးနဲ့အတူအဖော်ပြုနေခဲ့ပါတယ်။ စက်ရုပ်အိမ်ဖော်မလေးဟာ အိမ်မှုကိစ္စတွေကို သပ်သပ်ရပ်ရပ် ကူညီပေးနိုင်ရုံတင် မဟုတ်ဘဲ၊ သေဆုံးသွားတဲ့ဇနီးသည်အတိုင်း ပြုမူပြောဆိုနိုင်တာကြောင့် သူတို့နှစ်ယောက်ရဲ့ဘဝဟာ အစပိုင်းမှာ သာယာလှပနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအမျိုးသားဟာ ဘဝသစ်စဖို့အတွက် တခြားအမျိုးသမီးတစ်ယောက်နဲ့စတင်ရင်းနှီးဆက်ဆံလာတဲ့အခါမှာတော့ ကိစ္စတွေက စတင်ပြောင်းလဲသွားခဲ့ပါတယ်။ စက်ရုပ်မလေးထဲမှာ ရှိနေတဲ့ဇနီးဟောင်းရဲ့မှတ်ဉာဏ်တွေဟာ အစွန်းရောက်မနာလိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး စက်ရုပ်ရဲ့အသိဉာဏ်တစ်ခုလုံးကို စီးမိုးသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သဝန်တိုမှုတွေကြောင့် ရူးသွပ်သွားခဲ့တဲ့ AI အိမ်ဖော်မလေးဟာ သူ့အချစ်ကိုပြန်မရရင် အမျိုးသားရော နောက်ထပ်ရောက်လာမယ့်မိန်းကလေးကိုပါ သွေးအေးအေးနဲ့သတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ လူထက် အဆပေါင်းများစွာ အားသန်တဲ့ AI စက်ရုပ်ရဲ့ဘေးအန္တရာယ်ကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲဆိုတာကို ရင်တမမကြည့်ရှုရမယ့်သည်းထိတ်ရင်ဖိုဇာတ်ကားပဲ ဖြစ်ပါတယ်။ File Size… (1.16GB) / (641MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 29m Genre …Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်