IMDb (7.😎 / Rotten Tomatoes (91%) ဒီဇာတ်လမ်းဟာ ကမ္ဘာကြီးကမေ့ထားတဲ့ လူနှစ်ယောက်အကြောင်း အဖြစ်မှန်ပါ။အမေရိကန်နိုင်ငံရဲ့အယောက်၂၀မြောက်သမ္မတ ဂျိမ်းစ် အေ ဂါဖီး (Michael Shannon)ရယ် သမ္မတကိုလုပ်ကြံသူ ချားလ်စ် ဂီတိုး(Matthew Macfadyen)ရယ်ပေါ့။ ဒီဇာတ်လမ်းကို မကြည့်ခင် မစ္စတာဂါဖီး သမ္မတဖြစ်ခဲ့တဲ့ ၁၈၈၁ခုနှစ် အမေရိကန်နိုင်ငံမှာ အစိုးရအရာရှိ၊ ဝန်ထမ်းတွေကို အရည်အချင်းထက် လက်သင့်ရာစားတော်ခေါ်တဲ့ ခရိုနီစနစ်ကို ကျင့်သုံးနေဆဲဆိုတာရယ် ပြည်တွင်းစစ်ပြီးလို့ အနှစ်၂၀လောက်ရှိနေပေမဲ့ နိုင်ငံရေးသမားတွေက နိုင်ငံသားအခွင့်အရေးအတွက် အသံမပြုကြသေးတဲ့အချိန်ဆိုတာကို သိထားရမှာပါ။ ဒီနေ့ခေတ်မှာ လွယ်လွယ်ကူကူသုံးနေကြတဲ့ အနာပိုးသတ်ဆေးဆိုတာလည်း အမေရိကမှာ ကျယ်ကျယ်ပြန့်ပြန့်မသုံးကြသေးပဲ X-rayစက်ကလည်း ဒီအဖြစ်အပျက်အပြီး နောင်၁၄နှစ်အကြာမှပဲ ပေါ်လာခဲ့ပါတယ်။ ပွင့်လင်းမြင်သာတဲ့ပြကွက်တချို့နဲ့ သွေးထွက်သံယိုမြင်ကွင်းတွေပါကြောင်း ကြိုတင်သတိပေးပါရစေ။ File size…(659 MB)/(381 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်