ဇာတ်ကား / 2019Jojo RabbitJojo Rabbit (2019)
IMDb Rating (7.9) / Rotten Tomatoes (80%)
Jojo Betzler ဆိုတာ ဟစ်တလာကို အကြီးအကျယ်ထောက်ခံတဲ့ ၁၀ နှစ်အရွယ်ကောင်ကလေး။ သူ့ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းကလည်း ဟစ်တလာ။ Hitler Youth Camp ကိုသွားဖို့ ယူနီဖောင်းတွေ ဝတ်ပြီး စိတ်လှုပ်ရှားတက်ကြွနေတဲ့ နာဇီစစ်စစ်လေး။ သို့ပေမယ့် နာဇီစစ်စစ်လေး Jojo က Camp မှာ ယုန်လေးတကောင်ကို မသတ်ရက်နိုင်ခဲ့လို့ Jojo Rabbit ဆိုပြီး ရခဲ့တယ်။ သတ္တိကို ပြချင်လွန်းလို့ Camp မှာ ထပ်ပြီး တလွဲလုပ်မိတဲ့အခါမှာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာတွေရခဲ့တယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ နာဇီတွေရဲ့ တာဝန်ကို ထမ်းချင်သေးတဲ့အတွက် အမေ့ရဲ့ အကူအညီပေးမှုနဲ့အတူ Captain Klezendorf ရဲ့ ရုံးခန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်တယ်။ ဒါပေမဲ့ တရက်မှာ အိမ်မှာ ရှိနေတဲ့အချိန် ရှာရင်းဖွေရင်းစပ်စုရင်းနဲ့ သူ့အမေဖွက်ထားတဲ့အရာတခုကို ရှာဖွေတွေ့ရှိသွားတယ်။ သူ့ရဲ့ မဟာရန်သူတော် ဂျူး။ ဂျူးဆိုမှ ဂျူးမိန်းကလေး။ သူ့ရဲ့ အရာအားလုံးကို ပြောင်းလဲပေးမယ့် ဂျူးမိန်းကလေး…။
Jojo Rabbit နဲ့ ပတ်သတ်ရင် တွေးစရာလည်း များတယ်။ ရယ်မောရင်း ပြောစရာလည်းများတယ်။ Jojo က “အဲ့ကားမိုက်တယ်ကွာ” ဆိုပြီး ပြောရတဲ့ ရုပ်ရုင်မျိုး။ ပထမဆုံးပြောချင်တာက ဒါရိုက်တာ Taika Waititi ပဲ။ ဘာကြောင့်ပြောရတာလဲဆိုတော့ သူ ဒီလောက်လုပ်နိုင်မယ်မထင်ထားလို့ပဲ။ Taika Waititi ကို Thor:Ragnarok မှာ စပြီး သတိထားမိခဲ့တယ်။ အဲ့မှာတည်းက သူ့ရဲ့ comedy စွမ်းရည်ကို စပြီး သတိထားမိတယ်။ Thor:Ragnarok မှာ သူ့ရဲ့ Cinematography ကလည်း မခေခဲ့ပါဘူး။ ဒါပေမဲ့ ဒီလောက်နဲ့ ရပ်သွားပြီပဲထင်ခဲ့မိတာ။ Blockbuster ကားကောင်းတခုကို ရိုက်ပြနိုင်တယ်ဆိုရုံလောက်ပဲ ထင်ထားခဲ့တယ်။ ဒါပေမဲ့ Jojo Rabbit မှာတော့ သူ့အစွမ်းကို ကောင်းကောင်းပြသွားတယ်။ Comedy ပိုင်နိုင်တဲ့ သူ့ရဲ့ Trademark အစွမ်းကို အသုံးချပြီး Comedy နဲ့ Tragedy ကို ကောင်းကောင်းပေါင်းစပ်ပြသွားခဲ့တယ်။ Life is Beautiful နဲ့ နှိုင်းယှဉ်စရာမဟုတ်ပေမယ့် အဲ့လို Vibe မျိုးကို ရမိပါတယ်။ နောက်တခုကတော့ Wes Anderson ဆန်ဆန်ရိုက်ကွက်တွေဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်ကားတော်တော်များများက ခပ်မှိုင်းမှိုင်းအရောင်တွေကိုသာ အသုံးများကြပါတယ်။ ဒါပေမဲ့ Jojo Rabbit လို ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်လမ်း အရောင်တောက်တောက်တွေသုံးတတ်တဲ့ Wes Anderson ရဲ့ အရသာမျိုးခံစားမိနေခြင်းက ထူးခြားချက် တခုပါ။ Wes Anderson ရဲ့ Moonrise Kingdom ကို သတိသွားရမိပါသေးတယ်။ Taika Waititi က ဒုတိယကမ္ဘာစစ်ရှုံးခါနီး ဂျာမနီရဲ့ အနိဠာရုံတွေကို အရောင်တောက်တော်တွေနဲ့ ဖုံးပြသွားနိုင်ခဲ့ပါတယ်။ တခုထပ်ပြီး ပြောစရာရှိတာက Jojo Rabbit ရဲ့ သရော်စာတည့်ဆန်နေတဲ့ Dialogue တွေပါ။ ဇာတ်ကားတော်တော်များများက သရော်ချင်တဲ့ အခါမှာ Dialogue တကြောင်းနဲ့ဖြစ်စေ၊ Scene တကွက်စာနဲ့ ဖြစ်စေ ပါးပါးလေးပုတ်ပြီး သရော်လေ့ရှိပါတယ်။ ဒါပေမဲ့ Jojo Rabbit မှာ တည့်ဆော်တာပါ။ “ I lost a perfectly good eye in a totally preventable enemy attack” ၊ “There really isn’t much hope in us winning the war” ဆိုတာမျိုး Dialogue တွေ အများအပြားတွေရမှာပါ။ ဒီလို dialogue တွေမှာ Sitcom တွေမှာ သုံးလိုအဆင်ပြေပေမယ့် ရုပ်ရှင်တွေမှာ အသုံးမတတ်ရင် အပေါစားဆန်သွားတတ်ပါတယ်။ Jojo Rabbit မှာ ဒီလို Dialogue တွေက အံဝင်ခွင်ကျဖြစ်သွားတဲ့အပြင် အရသာလည်း တမျိုးဆန်းသွားပါတယ်။
“Boy (2010)”, “Hunt for the Wilderpeople (2016)” တို့မှာ ကလေးသရုပ်ဆောင်တွေနဲ့ ပတ်သတ်လာရင် အစွမ်းထုတ်ပြနိုင်ကြောင်း ပြသခဲ့တဲ့ Taika Waititi က Jojo Rabbit မှာလည်း ထပ်ပြီး သက်သေပြခဲ့ပါတယ်။ Roman Griffin Davis (Jojo), Thomasin McKenzie (Elsa Korr) တို့ရဲ့ လုပ်နိုင်စွမ်းကို အကောင်းဆုံးအသုံးချသွားခဲ့ပါတယ်။ Scarlett Johansson, Sam Rockwell တို့လို ဝါရင့်သရုပ်ဆောင်တွေပါလာတဲ့အချိန်မှာ သူတို့နဲ့ အပြိုင်ထင်းခနဲဖြစ်အောင် အစွမ်းပြဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ သို့ပေမယ့် Davis နဲ့ McKenzie တို့က Jojo နဲ့ Elsa ကို အကောင်းဆုံးပုံဖော်သွားကြတယ်။
Jojo Rabbit ဟာ အော်စကာခြောက်ခု ဇကာတင် ဝင်ခဲ့ပြီးတော့ Taika Waititi က “Best Adapted Screenplay” ဖြင့် အော်စကာဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဟောလိဝုဒ်မှာ ဟာသကားကောင်းကောင်းတွေ၊ ဒရာမာဆန်တဲ့ ဒရာမာကားကောင်းတွေ၊ Tragedy ကို ကောင်းကောင်းဖော်ပြနိုင်တဲ့ ဇာတ်ကားကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ Comedy နဲ့ Tragedy ကို အချိုးညီညီပေါင်းစပ်ထားတဲ့ အရသာအသစ်အဆန်းတခုကို ခံစားချင်ရင် Jojo Rabbit က သင့်ကို နောင်တရစေမှာ မဟုတ်ပါဘူး။
#EnglishMajorians
(ရုပ်ရှင်အညွှန်းကို English Majorians FB Page မှ ကူးယူဖော်ပြပါသည်။)
File size…(8 GB )/(1.9 GB)/(1.1 GB)
Quality….BluRay 4K HEVC/1080p HEVC / 720p
Format…mkv/mp4
Duration….01:49:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
ဇာတ်ကားကြည့်ရန်