ဇာတ်လမ်းတွဲ / 2022Rocket BoysRocket Boys (2022) Season 1
———————————————-
1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့ Rocket Boys ဟာ အိန္ဒိယရဲ့
Scientific Legendကြီး နှစ်ဦးဖြစ်တဲ့ Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့ သမိုင်းသစ်ရေးထိုးပုံကို
ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
၁၉၄၇ အိန္ဒိယရဲ့ လွတ်လပ်ရေးကာလက အိန္ဒိယတွေကို ဂုဏ်ယူစေခဲ့တဲ့ သိပ္ပံပညာရှင် သုံးယောက်ဟာ
အခက်အခဲတွေ အတွေးမတူတာတွေ နိုင်ငံရေးဖိအားတွေ စိတ်သဘောထားကွဲလွဲမှုတွေကြားက အိန္ဒိယရဲ့
ပထမဆုံး နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဖော်ဆောင်ခဲ့ကြတဲ့အကြောင်း
အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်
အတ္ထုပ္ပတ္တိဆန်ဆန် အပိုင်း ၈ ပ်ိုင်းရိုက်ကူးထားပေမယ့် တစ်ပိုင်းပြီး တစ်ပိုင်း
ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင် Scientist တွေရဲ့
personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လ်ု့ ပျင်းစရာမကောင်းစေဘဲ ကြည်နူးဖွယ် စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါ
ဒီဇာတ်ကားကို ကြည့်ရင်းဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်မယ့် အချက်တွေက ဒါတွေတင် မကသေးပါဘူး
ထိုခေတ်ထိုအခါက သိပ္ပံပညာအကြောင်း ထဲထဲဝင်ဝင်ရှိလှတဲ့ ဇာတ်ကြောင်းတွေ
အပြင်အဆင်အခမ်းအနားတွေနိုင်ငံရေးနဲ့ ပညာရေးဆက်နွယ်မှုတွေ ထိထိမိမိရှိလှတဲ့
dialogue တွေကြောင့် ၁၉၄၀ ပတ်ချာလည်ဝန်းကျင်ကvibes လေးတွေကို
အားပါးတရခံစားရမှာဖြစ်လို့ ဒီseries လေးကိုလည်း ကြည့်ရှုဖို့ တိုက်တွန်းဆော်ဩလိုက်ရပါတယ်
အညွှန်းကို Go-O မှ ရေးသားပေးထားပါတယ်
File Size – 500MB@Episode
Quality – 1080p Sony WEB DL
Duration – minute (@Episode)
Total Episodes: 45mins
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Translator –Go-O , HM , Shwe Pwint , Poe ,Yate
Encoder – YK
Rocket Boys (2022) Season 2
1940-1960 ကာလတွေအတွင်းမှာ ဇာတ်လမ်းတည်ထားတဲ့ Sony LIV ရဲ့
Rocket Boys ဟာ အိန္ဒိယရဲ့ သမိုင်း၀င် သိပ္ပံပညာရှင်ကြီး နှစ်ဦးဖြစ်တဲ့
Homi Bhabha နဲ့ Vikram Sarabai တို့ရဲ့
နျူးကလီးယားနဲ့ အာကာသ သမိုင်းသစ်ရေးထိုးပုံကို
ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိဆန်ဆန် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
ဒီ season 2 မှာကတော့ အိန္ဒိယရဲ့ပထမဆုံး
နျူးကလီယားစီမံကိန်းနဲ့ အာကာသသိပ္ပံစီမံကိန်းကို ဗစ်ခရမ်နဲ့
ဟိုမီတို့ ဖော်ဆောင်ခဲ့ကြပြီးနောက် ကြုံတွေ့လာကြရမယ့်အခက်အခဲတွေ
သမိုင်းမှတ်ကျောက်တွေကိုအသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။
နျူလက်နက်စီမံကိန်းအတွက်လိုအပ်တာ ဘာမှထုတ်မနိုင်သေးတဲ့ အိန္ဒိယရဲ့ထုတ်ကုန်ပြသာနာတွေ
စစ်အေး စစ်ပွဲကြီးဖြစ်နေချိန်မှာ အိန္ဒိယရဲ့ နျူ လက်နက်နဲ့အတူနိုင်ငံရေးနေရာတခုရလာမှာကို
မလိုလားတဲ့ အမေရိကန်ရဲ့ကွယ်ရာက ဆေးပေးမီးယူ အဖျက်အနှောင့်တွေ
ပါကစ္စတန်နဲ့ကက်ရှ်မီးယားဒေသ စစ်ပွဲတွေကြောင့် သံတမန်ရေးစစ်ရေး
အရှုပ်တော်ပုံတွေ အိန္ဒိယရဲ့ ရှေးရိုးစွဲနဲ့ သိပ္ပံပညာတို့ရဲ့ အကြားလွန်ဆွဲမှုတွေ
ဒီလိုအခြေအနေတွေကြားမှာမှ Homiနဲ့ Vikramတို့
သူတို့ရဲ့တဖြည်းဖြည်းမတူလာတော့တဲ့ပန်းတိုင်တွေကို
ဘယ်လိုအကောင်အထည်ဖော်သွားပြီး သမိုင်းသစ်ရေးထိုးသွားကြမလဲဆိုတာကို
အသေးစိတ်ကျကျ ဗဟုသုတရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
အပိုင်း ၈ ပိုင်းရိုက်ကူးထားပြီး တစ်ပိုင်းပြီး တစ်ပိုင်း
ဆက်သိချင်ကြည့်ချင်စေမယ့်ဒါရိုက်တာရဲ့ ရိုက်ချက်တွေအပြင်အိန္ဒိယနိုင်ငံရေးတွေ ပညာရှင်တွေရဲ့
personal life နဲ့ အချစ်ရေးအချစ်ရာတွေကိုလည်း ဒရာမာဆန်ဆန်တွေ့မြင်ရမှာဖြစ်လို့
စိတ်ဝင်စားဖွယ် ဖြစ်နေမှာပါ။ ထိုခေတ်ထိုအခါက အိန္ဒိယရဲ့ ယခုလို
အင်အားကြီး နိုင်ငံတခုဖြစ်လာဖို့ ခေါင်းဆောင်တွေကကြိုးပမ်းခဲ့မှုတွေ
အပြင်အဆင်အခမ်းအနားတွေနိုင်ငံရေးနဲ့ ပညာရေးဆက်နွယ်မှုတွေ ထိထိမိမိရှိလှတဲ့dialogue တွေ
အားပါးတရခံစားရမှာဖြစ်လို့ ဒီseries လေးကိုလည်း ကြည့်ရှုခံစားပေးကြပါဦး
Quality – 1080p WEB DL
Duration –45mins
Total Episodes: 8Eps
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama,History,Bollywood
Translator – Brackman~ Orika & June
Encoder – YK
ဇာတ်ကားကြည့်ရန်