Carrie (2026) ဒီဇာတ်လမ်းတွဲက Amazon Prime ကနေ ထုတ်လွှင့်ပြသလာတဲ့ သည်းထိတ်ရင်ဖို ရုပ်သံစီးရီး အသစ်ပဲ ဖြစ်ပါတယ်။ စာရေးဆရာကြီး Stephen King ရဲ့ နာမည်ကြီး ဂန္ထဝင် ဇာတ်လမ်းကို Horror စီးရီးတွေ ရိုက်ကူးရာမှာ ဆရာကျတဲ့ ဒါရိုက်တာ Mike Flanagan က အပိုင်းတွေခွဲပြီး အသေးစိတ် ပြန်လည် ဖန်တီးတင်ဆက်ထားတာပါ။ ဇာတ်လမ်းက Carrie White ဆိုတဲ့ အထက်တန်းကျောင်းသူလေး တစ်ယောက်ဆီကနေ စတင်ပါတယ်။ Carrie ဟာ ကျောင်းမှာ သူငယ်ချင်းတွေရဲ့ အနိုင်ကျင့် ဗိုလ်ကျတာကို အမြဲခံရသလို၊ အိမ်မှာလည်း ဘာသာရေး အရမ်းကိုင်းရှိုင်းပြီး အစွန်းရောက်တဲ့ မိခင်ဖြစ်သူရဲ့ ချုပ်ချယ် ဖိနှိပ်တာတွေကို နေ့တိုင်း ခံစားနေရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမဆီမှာ စိတ်နဲ့ အရာဝတ္ထုတွေကို အဝေးကနေ လှမ်းရွှေ့လျားနိုင်တဲ့ ထူးခြားတဲ့ စွမ်းအင်တွေ ရှိနေမှန်း သိလာပါတော့တယ်။ အဲဒီလို အိမ်က ဖိနှိပ်တာတွေရော၊ ကျောင်းက သူငယ်ချင်းတွေ ဝိုင်းလှောင်ပြောင်တာတွေရော တဖြည်းဖြည်း စုပုံလာတဲ့အခါ ကျောင်းက ကပွဲည (Prom Night) မှာ သူမရဲ့ ဒေါသတွေ ဘယ်လို ပေါက်ကွဲထွက်လာမလဲ၊ မြို့လေး တစ်မြို့လုံးကို သူမရဲ့ စွမ်းအင်တွေနဲ့ ဘယ်လို ကလဲ့စားချေမလဲ ဆိုတာကို ရင်တမမ ကြည့်ရှုရမှာပါ။ အရင် ထွက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထက် စာရင် ဒီစီးရီးမှာ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားရတာတွေ၊ မိခင်နဲ့ သမီးကြားက ရှုပ်ထွေးတဲ့ ပြဿနာတွေကို ပိုပြီး သေသေချာချာ အချိန်ယူ ပုံဖော်ပေးထားတာပါ။ စိတ်ပညာကို အခြေခံတဲ့ သည်းထိတ်ရင်ဖို စီးရီးကောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေရော၊ Stephen King ရဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ သူတွေပါ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်သံစီးရီး တစ်ခုပဲ ဖြစ်ပါတယ်။ File size… 2.5 GB/1 GB/ 400 MB Quality… WEB DL 4K/1080p/ 720p Format… mp4 Duration…. 50m @Episode Genre ..... Horror, Mystery, Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်